ဟင်းရှာထွက်တဲ့ မြိုတိုင်းရင်းသားတွေ တိုက်ခိုက်ခံရ၊ အမျိုးသမီးတစ်ဦး သေဆုံး

ဦးခေါင်းမှာ ဓားဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ မြိုတိုင်းရင်းသူ အမျိုးသမီးတစ်ဦးရဲ့အလောင်းကို တွေ့ရစဉ်။ Photo: Kyaw Win
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း သစ်တုံးနားကျေးရွာဘက်မှာ ဒီနေ့ နေ့လည်က တောထဲကို ဟင်းသွားရှာတဲ့ မြိုတိုင်းရင်းသားတွေကို အကြမ်းဖက်သမားတွေက ဝိုင်းဝန်းတိုက်ခိုက်တဲ့အတွက် မြိုတိုင်းရင်းသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး က ပြောပါတယ်။

မြို့နယ်တာဝန်ရှိသူတွေဆီ အကြောင်းကြားထားတယ်လို့ သစ်တုံးနားခွဆုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက ပြောပါတယ်။

သစ်တုံးနားခွဆုံကျေးရွာအုပ်စု လေးမြို့ကေဒီကျေးရွာက မြိုတိုင်းရင်းသားအမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၅ ဦးဟာ နေ့လည် ၁၁ နာရီလောက်မှာ လိုင်ဂီချောင်းငယ်အတိုင်း သွားရောက်နေစဉ်မှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတာကြောင့် အသီးသီးထွက်ပြေးလာကြသူတွေရဲ့ ပြောပြချက်အရ ရဲနဲ့ တပ်မတော်သားတွေက တိုက်ခိုက်ခံရတဲ့နေရာတ၀ိုက်ကို သွားရောက်ရှာဖွေကြရာ ဦးခေါင်းမှာ ဓားဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ မြိုတိုင်းရင်းသူ အမျိုးသမီးတစ်ဦးရဲ့အလောင်းကို တွေ့ရှိခဲ့တာလို့ ပြောပါတယ်။

သေဆုံးသူရဲ့ရုပ်အလောင်းကို မောင်တောဆေးရုံကို ပို့ဆောင်သွားမယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese
ဟင်းရှာထွက်တဲ့ မြိုတိုင်းရင်းသားတွေ တိုက်ခိုက်ခံရ၊ အမျိုးသမီးတစ်ဦး သေဆုံး ဟင်းရှာထွက်တဲ့ မြိုတိုင်းရင်းသားတွေ တိုက်ခိုက်ခံရ၊ အမျိုးသမီးတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.