ရန်ကုန်-မန္တလေးကားလမ်း၌ လမ်းဖြတ်ကူးသည့် ဆိုင်ကယ်အား ၁၂ ဘီးယာဉ်ဖြင့်ချိတ်ပါကြိတ်မိပြီး ဆိုင်ကယ်ယာဉ်မောင်းသေဆုံး
ဝမ်းတွင်း ဧပြီ ၎
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်း မြို့နယ်တွင်ရန်ကုန်-မန္တလေးကား လမ်း၌ ယမန်နေ့ ည ၉နာရီတွင် လမ်းဖြတ်ကူးသည့် ဆိုင်ကယ်ကို ၁၂ဘီးယာဉ်ဖြင့် ချိတ်ပါကြိတ်မိပြီး ဆိုင်ကယ်ယာဉ်မောင်းသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၃၆၂/၆ နှင့်၃၆၂/၇ အကြား ဘုရားစုကျေး ရွာအနီးတွင်ဝမ်းတွင်းမြို့နယ်ဘုရားစု ကျေးရွာအုပ်စုသူဋ္ဌေးကုန်း ကျေး ရွာနေယာဉ်မောင်း ဇော်နိုင်(၂၈နှစ်) မောင်းနှင်လာသောဆိုင်ကယ်အမှတ်F/-----Honda Waveအမျိုးအစား အဖြူရောင်ဆိုင်ကယ်မှာကားလမ်းမ ကြီးအားဖြတ်ကူးစဉ်မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသောYGN-9M/----MITSUBISHI FUSO အမျိုးအစား ဖြူနီကျား ရောင် ၁၂ဘီးယာဉ်၏ ဝဲဘက်ရှေ့ ခြမ်းနှင့် ချိတ်မိပြီးဆိုင်ကယ်နှင့် လူပေ၅ဝခန့် တရွတ်တိုက်ပါသွား ကာဆိုင်ကယ်မှာမော်တော်ယာဉ်၏ ရှေ့ပိုင်းနှင့် ချိတ်ပြီးညပ်နေသဖြင့် ပေ ၁ဝဝခန့်အကွာ၌ စက်ရပ်တန့် သွားပြီး ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။ ဆိုင်ကယ် မောင်းသူဇော်နိုင်တွင် ကားနှင့် ကြိတ်မိပြီး ဦးခေါင်းကြေမွ၊ ခါးနှင့် ဝမ်းဗိုက်ကြေမွ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌သေဆုံးသွားကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။
ယာဉ်အားမဆင်မခြင် မောင်းနှင် ပြီး ထွက်ပြေးသွားသူ ယာဉ်မောင်း (အမည်မသိစုံစမ်းဆဲ)အား ဝမ်းတွင်း မြို့မရဲစခန်းမှ ယာဉ်(ပ)၉/၂ဝ၁၈ ရာဇသတ်ကြီးပုဒ်မ ၃ဝ၄-ကဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
The Union Daily
https://www.facebook.com/uniondaily.net
ရန်ကုန်-မန္တလေးကားလမ်း၌ လမ်းဖြတ်ကူးသည့် ဆိုင်ကယ်အား ၁၂ ဘီးယာဉ်ဖြင့်ချိတ်ပါကြိတ်မိပြီး ဆိုင်ကယ်ယာဉ်မောင်းသေဆုံး
Reviewed by THITHTOOLWIN
on
19:39
Rating: