မောင်တော၊ ဧပြီလ ၁၁
မောင်တောမြို့နယ် တရိမ်းကျေးရွာမှ မောင်စိမ်ပို (အသက် ၁၆ နှစ်) ကို ဘင်္ဂါလီအကြမ်းဖက်သမားများမှ ယနေ့ ဧပြီလ ၁၁ ရက်က အုပ်စုလိုက် လိုက်လံပြီး သတ်ဖြတ်ရန် ကြိုးစားခဲ့ကြောင်း တရိမ်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
မောင်စိမ်ပိုမှာ ဘင်္ဂါလီများ၏ ရန်မှ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး မိမိကျေးရွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တရိမ်းကျေးရွာအုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားသည်။
“ ဟုတ်ပါတယ်။ သူပြေးလာပြီး ရွာကို ရောက်တဲ့အချိန်မှာ စကားတောင်မပြောနိုင်တော့ပါ။ မောအားကြီးလို့ပါ အကြမ်းဖက် ဘင်္ဂလီများကို တွေ့ခဲ့တယ်လို့ပြောပါတယ်။ ကျေးရွာ ရဲစခန်းနှင့် နယ်မြေမှာ အကြောင်းကြားပြီး ၎င်း နေရာကို လုံခြံရေးများနှင့် သွားကြည့် ကြပါတယ်။ ခြေရာများ တွေခဲ့ပါတယ်။ ” ဟု ပြောသည်။
ဧပြီလ ၁၀ ရက်နေ့ကလည်း ဇီးပင်ချောင်း ရဲကင်းစခန်းနှင့် ကျွန်းပေါက်ရဲကင်းစခန်းများ အနီးတွင် ညအချိန်တောစပ်များ၌ ဓါတ်မီးအလင်းရောင်နှင့် လူသံများကြားနေရ၍ တရိမ်းကျေးရွာသားများကို နိုးနိုးကြားနေထိုင်ကြရန် မှာကြားထားကြောင်း အဆိုပါအုပ်ချုပ်ရေးမှူးက သတိပေးထားသည်။
သတင်း၊ ဓါတ်ပုံ - ချလူးအောင်/ DMG
Development Media Group
https://www.facebook.com/dmgnewsagency
ဘင်္ဂါလီအကြမ်းဖက်သမားများမှ မြိုလူမျိုးတစ်ဦးကို သတ်ရန်ကြိုးစား
Reviewed by THITHTOOLWIN
on
22:31
Rating: