ချောက်၊ ဧပြီ ၅။
မကွေးတိုင်းဒေသကြီး ချောက်မြို့ အမှတ်(၁၄)ရပ်ကွက်၊ အစိုးရပိုင် အရာရှိနေအိမ်(ဗိုလ်တဲ အမှတ် နက/၁၅)တွင် အိမ်ရှင်အမျိုးသမီး ဖြစ်သူအား ပရလောက သားမှ ဝင်ပူးကပ်၍ အသတ်ခံရသည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းအရာရှိအိမ်ရာသည် ယခင်က လူမနေသည်မှာ အတော်ကြာပြီဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းတွင် အဆိုပါ ဗိုလ်တဲသို့ အရာရှိ မိသားစု ပြောင်းလာကာ အိမ်တက်ပြုလုပ်ပြီးနောက် ဧပြီ ၃ ရက်နေ့ ညပိုင်းတွင် အိမ်ရှင်အမျိုးသမီးဖြစ်သူကို ပရလောကသားမှ ဝင်ပူးကာ အသတ်ခံရကြောင်း ပြောဆိုခဲ့သည်ဟု အမှတ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးပေါက်ဆီက ပြောသည်။
ဧပြီ ၄ မနက် ၁၀ နာရီခန့်တွင် ဆရာခေါ်ပြီး ပူးကပ်စေ၍ မေးမြန်းရာမှ ပရလောကသား နာမည်သည် မသူသူဖြစ်ကာ ရန်ကုန် လှည်းတန်းတွင်နေထိုင်ပြီး သတ်ဖြတ်သူမှာ အင်းစိန်
ပေါက်တောဝတွင် နေထိုင်သူဖြစ်ကြောင်း၊ ၎င်းမှာ လူသတ်ခံရခြင်းဖြစ်ကြောင်း၊ အိမ်ရှင်ဖြစ်သူအား ပူးကပ်၍ ပြောဆိုခဲ့သည်။
ယင်းနောက် အလောင်းကို ဗိုလ်တဲ မိလ္လာကြွင်း အတွင်း ၁၅ရက်ခန့်ထားထားပြီးနောက် ရွှေ့သွားသည်ဟု ပြောဆိုခဲ့ပြီး လက်ဝတ်ရတနာများ မြှုပ်ထားသည့် နေရာကို လိုက်လံပြသခဲ့ကြောင်း ၎င်းကဆိုသည်။
သတ်ဖြတ်သူမှာ ၇ဦးဖြစ်ပြီး ပထမအလောင်းဖွက်ထားရာ မိလ္လာကျွင်းထဲတွင် ၁၅ ရက်ခန့် ထည့်ထားပြီးနောက် ပြန်ဖော်ပြီး ခုတ်ထစ်ကာ အထုပ်များဖြင့်ယူဆောင်၍ ရှမ်းပြည်နယ် တစ်နေရာတွင် ပစ်ထားခဲ့ကြောင်း ဝင်ရောက်ပူးကပ်ပြောဆိုသည်ကို မြင်တွေ့ရသည်။
၎င်းပိုင် ပစ္စည်များဖြစ်သည့် လက်စွပ်၊ဆွဲကြိုး၊ ဆွဲသီးနှင့် နားကပ်တစ်ဖက်တို့အား ရပ်ကွက် အသိသက်သေများရှေ့တွင် တွေရှိ့ခဲ့ပြီး စစ်ဆေးရာ ၁၅ ပဲရည် ရွှေအစစ်များဖြစ်ကြောင်း ၊ ချောက်မြို့ မြို့မရဲစခန်းတွင် လူပျောက်တိုင်ထားခြင်း မရှိသည်တစ်ကြောင်း တစ်ခြားမြို့များသို့ လူပျောက်တိုင်ကြား မှုများ ရှိမရှိ ချိတ်ဆက်စုံစမ်း သွားမည်ဖြစ်ကြောင်း နှင့် ပစ္စည်းများအား စစ်ဆေး၍ ပိုင်ရှင်မဲ့ ခေတ္တထိန်းသိမ်း ထားကြောင်းချောက် မြို့မရဲစခန်းမှ လာရောက်စစ်ဆေးသည့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကိုလင်း(ချောက်)
မြန်မာသံတော်ဆင့်နေ့စဉ် The Mobile Herald
ချောက် ဗိုလ်တဲတွင် ပရလောကသား ဝင်ရောက်ပူးကပ်၊ အသတ်ခံထားရကြောင်းပြော
Reviewed by THITHTOOLWIN
on
17:11
Rating: