မိုင်းဖြတ် ၊ ဧပြီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ် ဆိုင်လေကျေးရွာအနီး နမ့်လုံချောင်းထဲတွင် ဧပြီ ၄ ရက် ညနေ ၅ နာရီခန့်က အသက် ၆ နှစ်ခန့်အရွယ်ရှိ ယောကျာင်္းကလေး တစ်ဦး ရေနှစ်သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုင်းဖြတ်ကျေးရွာအုပ်စု၊ဆိုင်းလေကျေးရွာနေ မိဘ ဦးကျော်ညီညီတင့်နှင့်ဒေါ်ဘူးဒေါ့ တို့၏သား မောင်အားနောင်(၆)နှစ်သ ည် ရွယ်တူ သူငယ်ချင်းများနှင့် ဆိုင်လေကျေးရွာ အနီးရှိ တောင်ယာ သွား ကြိုးတံတားအောက် နမ့်လုံချောင်းထဲ တွင် ရေဆင်းချိုးဆော့ကစားနေရင်း ရေနက်ပိုင်းသို့ ရောက်ရှိသွားပြီး ရေနှစ်ပျောက်ဆုံးသွားကြောင်း ရွာသားတစ်ဦးထံမှ သတင်းပေးပို့မှုအရ မိုင်းဖြတ်မြို့မရဲစခန်းမှူး၊ဒုရဲမှူး အောင်လင်းခိုင်နှင့်ရဲတပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများနှင့် ရွာသားများသည် ညမိုးချုပ်ချိန်ထိ ပူးပေါင်း၍ လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိသဖြင့် မိခင်၌ စိတ်သောကပူဆွေးနေရကြောင်း ရွာသားတစ်ဦးထံမှ သိရ သည်။
သို့ဖြစ်၍မိုင်းဖြတ်မြို့မရဲစခန်းမှူးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းများ ၊ရွာသားများက ယနေ့ ဧပြီ ၅ရက်နေ့ နံနက် စောပိုင်းတွင် ရေချောင်းတလျှောက် ဆက်လက်ရှာဖွေခဲ့ကြရာ နံနက် ၁၀နာရီခွဲချိန်တွင် ဆိုင်းလေရွာအနီး နမ့်လုံချောင်းအတွင်း ရေလည်ရှိကျောက်တုံးပေါ်၌ ပြင်ပဒဏ်ရာ မတွေ့ရှိရပဲ သေဆုံးလျက်တွေ့ရှိရကြောင်း၊ သေဆုံးပြီးမှရေနှင့်မျောပါသွားစဉ် ကျောက်တုံးများနှင့် ပွန်းတိုက်ခြင်းကြောင့် ခြေဖဝါးညိုမဲ ဒဏ်ရာနှင့် နှာခေါင်းသွေးယိုစီးမှု ဒဏ်ရာများသာ ရရှိခဲ့ကြောင်း သိရသည်။
သေမှုသေခင်းနှင့်စပ်လျဉ်း၍ သေဆုံးသူ မောင်အားနောင်အား မြို့မရဲစခန်းမှ ရဲဆေးစာဖြင့် မြို့နယ်ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ခဲ့ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် အမှုရေးဖွင့် စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းဖြတ် (ပြန်/ဆက်)
ဆိုင်းလေရွာတွင် ၆ နှစ်ခန့်အရွယ်ရှိ ယောင်္ကျားကလေးတစ်ဦး နမ့်လုံချောင်း၌ ရေနှစ်သေဆုံး
Reviewed by THITHTOOLWIN
on
16:03
Rating: