တာချီလိတ်ခရိုင် တာလေမြို့ရှိ ပေ(၁၀၀)ခန့်ရှိ လျှိုထဲကို ကားထိုးကျသွားတဲ့ တရုတ် နိုင်ငံသားတစ်ဦး သေဆုံး
တာချီလိတ်၊ဧပြီ ၎
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု အတွင်းရှိ ဝေတယ်ကုမ္ပဏီမှ တရုတ်နိုင်ငံသား တစ်ဦးမှာ ၂၀၁၈ခုနှစ် ဧပြီလ (၄)ရက်နေ့ ညနေ(၄)နာရီခွဲ အချိန်ခန့်က ပေ(၁၀၀)ခန့်ရှိ လျှိုထဲကို ကားထိုး ကျသွားပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်မှာ တာလေမြို့ နားယောင်းကျေးရွာ အုပ်စု အတွင်းရှိ ဝေတယ်ကုမ္ပဏီမှ တရုတ်နိုင်ငံသား Liang Yi Weng (၅၀)နှစ် မှာ ဧပြီလ(၄)ရက်နေ့ ညနေ(၄)နာရီခွဲ ၀န်းကျင် အချိန်ခန့်က Vigo အဖြူရောင် မော်တော်ယာဉ်ဖြင့် ကုမ္ပဏီမှ တာချီလိတ် ဘက်ကို အလာမှာ လမ်းရဲ့ညာဘက် ပေ(၁၀၀) ခန့်ရှိတဲ့ လျှိုထဲကို ထိုးကျသွားရာ ဦးခေါင်းကွဲဒဏ်ရာ၊ ၀ဲဘက်ဗိုက်ညိုမဲဒဏ်ရာ၊ ယာဘက်မျက်ခုံး၊ ပါးရိုးညိုမဲဒဏ်ရာများ အသီးသီးရရှိကာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပြီး ရုပ်အလောင်းကို တာလေ ပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ယခု ယာဉ်ထိုးကျမှုနဲ့ ပတ်သက်တဲ့ ယာဉ်မောင်းဖြစ်တဲ့ သေဆုံးသူ တရုတ်နိုင်ငံသားကို တာလေ နယ်မြေ ရဲစခန်းမှ ဒု-ရဲအုပ်ဇော်မိုးလှိုင် က တရားလိုပြုလုပ်ကာ ယာဉ်(ပ) ၃/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က)ဖြင့် အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ဓါတ်ပုံ - တာလေ(ထွေ/အုပ်)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တာချီလိတ်ခရိုင် တာလေမြို့ရှိ ပေ(၁၀၀)ခန့်ရှိ လျှိုထဲကို ကားထိုးကျသွားတဲ့ တရုတ် နိုင်ငံသားတစ်ဦး သေဆုံး
Reviewed by THITHTOOLWIN
on
16:01
Rating: