ဖိလစ်ပိုင်သမတ ဒူတာတေးက ရိုဟင်ဂျာမွတ်ဆလင်တွေဟာ မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ် ခံခဲ့ရကြောင်းနဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ အဲဒီလူတွေကို ဖိလစ်ပိုင်နိုင်ငံက လက်ခံလိုပါကြောင်း ကြာသပတေးနေ့ မနေ့က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အဲဒီ မွတ်ဆလင်တွေကို ဥရောပ နိုင်ငံတွေကလည်း ခွဲဝေလက်ခံသင့်ကြောင်း နဲ့ ဒီပြသနာကို အခုအချိန်ထိ နိုင်ငံတကာအသိုင်းအဝန်းက ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်းလည်း သူကပြောပါတယ်။
အခုလို ဖိလစ်ပိုင်သမတရဲ့ပြောကြားချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရပြောခွင့်ရှိသူ ဦးဇော်ဌေးက ဒူတာတေးဟာ မြန်မာပြည်အကြောင်း ဂဃနဏ မသိပဲ ထင်ရာမြင်ရာပြောလေ့ရှိသူဖြစ်တယ်လို့ ဝေဖန်ပါတယ်။
ဖိလစ်ပိုင်သမတက ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကို ပစ်တင်ပြောကြားရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်နာမကို ထည့်သွင်းပြောဆိုခြင်းမရှိပဲ အဲဒီ အမျိုးသမီးဟာ ကျနော့်ရဲ့ မိတ်ဆွေဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ရိုဟင်ဂျာတွေလက်ခံမယ်လို့ ဒူတာတေးပြောကြား
Reviewed by THITHTOOLWIN
on
07:56
Rating: