အမေရိကန် ကုန်ပစ္စည်းတွေ ဒေါ်လာ သန်း ၉၀-ဖိုးကို အခွန်ကောက်မယ်လို့ တရုတ်ပြည်က ကြေညာလိုက်ပြီးတဲ့နောက် နာရီပိုင်းမှာပဲ အမေရိကန် ဥရောပ စတော့ ဈေးကွက်တွေမှာ စတော့ ရှယ်ယာဈေးတွေ ကမောက်ကမ ဖြစ်ကုန်ကြပါတယ်။ အထူးသဖြင့် စက်မှုလုပ်ငန်းကုမ္ပဏီကြီးတွေရဲ့ စတော့ ရှယ်ယာတွေ အများဆုံး ဈေးကျသွားခဲ့တာပါ။
၂၀၁၆ ခုနှစ်က တရုတ်ပြည်ကို ဒေါ်လာ ၁၅ ဘီလီလျံဖိုး လေယာဉ်တွေ ရောင်းချခဲ့ရတဲ့ ဘိုးရင်းကုမ္ပဏီက အများဆုံးအထိနာမယ်လို့ စီိးပွါးရေးပညာရှင်တွေက ပြောပါတယ်။ ဒါကြောင့်လဲ ဘိုးရင်း စတော့တွေဟာ ၂.၅ % အထိ ကျဆင်းသွားပါတယ်။ ကွန်ပြူတာ ချစ်ပ်စ်တွေ ထုတ်လုပ်တဲ့ Intel နဲ့ Nvidia တို့ရဲ့ ရှယ်ယာဈေးတွေလဲ ၀.၈% နဲ့ ၁.၄ % အသီးသီးကျဆင်းသွားခဲ့ကြပါတယ်။
ဥရောပမှာလည်း စတော့ရှယ်ယာဈေးတွေ ဒုတိယနေကအဖြစ် ဆက်လက် ကျဆင်းပြီး တရုတ်နဲ့ အမေရိကန် ကုန်သွယ်မှု စစ်ပွဲဖြစ်လာမလားဆိုတဲ့ စိုးရိမ်မှုတွေ တိုးပွားလာနေပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
အမေရိကန် ဥရောပ စတော့ဈေးကွက်များမှ ရှယ်ယာဈေးတွေ ကမောက်ကမ ဖြစ်
Reviewed by THITHTOOLWIN
on
16:20
Rating: