မြစ်ကြီးနား၊ ဧပြီ ၂၇
အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ကျေးရွာများမှ စစ်ဘေးတိမ်းရှောင်လာပြီး ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့နယ်၊ ပလနရပ်ကွက်ရှိ ထရီနတီနှစ်ခြင်းဘုရားကျောင်းသို့ ပြောင်းရွှေ့လာသော စစ်ရှောင်ပြည်သူ ၂၀၀ ကျော်အနက် တချို့မှာ ကျန်း မာရေးနှင့်ပတ်သက်ပြီးအခက်အခဲဖြစ်နေကြကြောင်းသိရသည်။
လမ်းခရီးတွင် ခြေလျှင်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသဖြင့် နဂိုရောဂါအခံရှိသူများနှင့် သက်ကြီးပိုင်းအများစုမှာ ကျန်းမာရေးချို့တဲ့လာသည်ဟုထရီနတီနှစ်ခြင်း ဘုရားကျောင်းမှ သင်းထောက်ဦးနော်အောင်ကပြောသည်။
“ဖျားတာ၊ နာတာတွေဖြစ်နေတယ်။ အခု KBC က ဆရာတွေကဆေးကုပေးနေတယ်။ စားဝတ်နေရေးကော အစစအရာရာ အခက်အခဲဖြစ်နေတာပေါ့။ မနေ့ကပဲရောက်တယ်ဆိုတော့ ဘယ်နေရာမှ အဆင်ပြေတယ်လို့ ရှိမှာမဟုတ်ဘူး။” ဟု ဦးနော်အောင်ကပြောသည်။
အဆိုပါစစ်ရှောင်များသည် ဧပြီလ ၂၅ ရက်ည သန်းခေါင်ကျော်အချိန်တွင် အင်ဂျန်းယန်မြို့နယ်မှ ထွက်ပြေး တိမ်းရှောင်လာကြကာ မြစ်ကြီးနားမြို့နယ် တန်ဖရဲရွာရှိ ကက်သလစ်ဘုရားကျောင်းနှင့် ပလနရှိ ထရီနတီ နှစ်ခြင်းဘုရား ကျောင်းတို့တွင် ရောက်ရှိနေထိုင်ကြသူများဖြစ်သည်။
လက်ရှိစာရင်းအရအင်ဂျန်းယန်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ပြည်သူ ဦးရေ ၁၁၀၁ ဦးရှိကြောင်း သိရသည်။
Photo by – salai
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
အင်ဂျန်းယန်မြို့နယ်မှ အသစ်ရောက်ရှိလာသည့် စစ်ရှောင်ပြည်သူများ ကျန်းမာရေးအခက်အခဲဖြစ်နေ
Reviewed by THITHTOOLWIN
on
19:09
Rating: