သင်္ကြန်ဆိုတဲ့ ပွဲတော်ဟာ လူထုလူတန်းစား ပေါင်းစုံ ပါဝင်နိုင်တဲ့ ပွဲတော်ဖြစ်တဲ့ နည်းတူ လူစည်ကားလွန်းတဲ့အတွက် အတူသွားလည် ရေသွားကစားကြတဲ့ မိသားစု ၊ သူငယ်ချင်းတွေဟာ မဏ္ဍပ်တွေနဲ့ လူအုပ်တွေအကြားမှာ မကြခဏ ကွဲကွာတာတွေ ဖြစ်တတ်ပါတယ်။
အခုလိုမိုဘိုင်းဖုန်းပေါများတဲ့ခေတ်မှာ အရွယ်ရောက်ပြီးသား သူတွေအချင်းချင်းကွဲရင် ဖုန်းနဲ့ ဆက်သွယ်လို့ အဆင်ပြေနိုင်ပေမယ့် ကလေးသူငယ်တွေကျန်ခဲ့ရင်တော့ ဆက်သွယ်ရှာဖွေရ ခက်ခဲနိုင်ပါတယ်။
ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်နားမှာ ဒီကနေ့ ဧပြီလ ၁၅ ရက်နေ့ သင်္ကြန် အကြတ်နေ့ မနက်ပိုင်းက ကလေးငယ် ၂ ဦးဟာ မိဘ အုပ်ထိန်းသူတွေနဲ့ ကွဲပြီး ကျန်နေခဲ့တဲ့အတွက် လုံခြုံရေးအဖွဲ့တွေနဲ့ အကူအညီပေးရေး စေတနာ့ဝန်ထမ်းတွေက ခေါ်ယူ စောင့်ရှောက်ထားခဲ့ရပါတယ်။
တဦးကတော့ အုပ်ထိန်းသူတွေနဲ့ ပြန်တွေ့ခဲ့ပြီး အသက် ၅ နှစ်အရွယ် ထွန်းလင်းဇော်ဆိုတဲ့ ကလေးကတော့ မဏ္ဍပ်နားမှာ ရှိနေဆဲဖြစ်တယ်လို့ အကူအညီပေးရေး စေတနာ့ဝန်ထမ်းလုပ်ကိုင်နေသူတွေက ဧပြီလ ၁၅ ရက်နေ့ မနက် ၁၁ နာရီခွဲ အချိန်က ဘီဘီစီကို ပြောပါတယ်။
ဓါတ်ပုံ ( ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်နားမှာ မိသားစု အုပ်ထိန်းသူတွေနဲ့ ကွဲပြီး ကျန်ရစ်ခဲ့တဲ့ ကလေးငယ် ၂ဦးကို ဧပြီလ ၁၅ ရက်နေ့ မနက်ပိုင်းက တွေ့ရစဉ် )
BBC Burmese
https://www.facebook.com/BBCnewsBurmese
လည်လည်းလည် ကဲလည်းကဲ ကလေးတွေကိုလည်း ဂရုစိုက်
Reviewed by THITHTOOLWIN
on
12:12
Rating: