မလှိုင် ဧပြီ ၎
နွားထိုးကြီးမြို့နယ်နှင့် မလှိုင်မြို့နယ်တို့တွင် အင်ကြင်းကျောက်များကို စက်ယန္တရား များဖြင့် တူးဖော်နေကြကြောင်း သိရ သည်။
အင်ကြင်းကျောက်ကို စူးထောက် ရှာဖွေရသော်လည်း နွားထိုးကြီးနှင့် မလှိုင်မြို့နယ်တွင် ဘူဒိုဇာထိုး၊ မြေကော် စက် (ခ) ကတ်အိုးနှင့် တူးဖော်ရှာဖွေ လာ၍ တစ်နိုင်တစ်ပိုင် အင်ကြင်းကျောက် တူးဖော်သူများ အလုပ်လက်မဲ့ ဖြစ်လာနေ ကြောင်း ဒေသခံများထံမှ သိရသည်။
အင်ကြင်းကျောက်တူးဖော်မှုကို တရားဝင် ပိတ်ပင်ထားသော်လည်း ယခုအခါ အင်ကြင်းကျောက်များကို သယ်ယူရောင်းချနေကြသည်ကိုလည်း တွေ့မြင်နေရသည်။
အဆိုပါ မြို့နယ်တို့တွင် အရည် အသွေးကောင်းကျောက်များကို အနက် ပေ ၅ဝ၊ ၁ဝဝ ကျော်အထိ တူးဖော်တွေ့ရှိ နေသဖြင့် ယခုအခါ စက်ယန္တရားများဖြင့် အင်ကြင်းကျောက် တူးလာနေခြင်း ဖြစ်သည်။ မကြာမီက စက်ယ္တရားဖြင့် ၆၅ ပေအနက် တူးဖော်ရာမှ မြေပြို၍ လူသေဆုံးမှုရှိခဲ့ကြောင်း သိရသည်။
ဌေးမြင့်မောင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အင်ကြင်းကျောက်များကို စက်ယန္တရားနှင့် တူးဖော်လာ
Reviewed by THITHTOOLWIN
on
08:39
Rating: