ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ တသိန်း ဇွန်လမှာ ရေလယ်ကျွန်းကို ရွှေ့မည်


ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတသိန်းကို လာမယ့် ဇွန်လအတွင်း ဘင်္ဂလားပင်လယ်အော်အတွင်းမှာရှိတဲ့ Bhashan Char ကျွန်းကို ရွေ့ပြောင်းမှာ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က အကြီးတန်း အရာရှိတဦးကပြောဆိုပါတယ်။

ဒီကျွန်းဟာ ၂၀၀၆ခုနှစ်ကမှ ဘင်္ဂလားပင်လယ်အော်အတွင်း အသစ်ပေါ်ထွန်းလာတဲ့ကျွန်းဖြစ်ပြီး ရာသီဥတုကြမ်းတန်းတဲ့ကျွန်းဖြစ်တယ်လို့ ဝေဖန်မှုတွေရှိပါတယ်။ ဘင်္ဂလာဒေ့ရှ်အာဏာပိုင်တွေ အဆိုအရ လက်ရှိကျွန်းပေါ်မှာ လူငါးသောင်းနေထိုင်ဖို့ အဆောက်အဦးများ ဆောက်လုပ်ပြီးစီးပြီလို့ ဆိုပါတယ်။ ကျန်အဆောက်အဦးတွေကို နှစ်လအတွင်း အပြီးဆောက်လုပ်မှာဖြစ်တယ်လို့ ဘင်္ဂလာဒေ့ရှ် သဘာဝဘေးအန္တရယ်ရေးရာဝန်ကြီးက ကုလသမဂ္ဂအေဂျင်စီကိုရှင်းပြခဲ့ပါတယ်။ ပြောင်းရွှေ့မှုအစီအစဉ်များကို ဇွန်လ ပထမအပတ်မှာ စတင်နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

ဒီကျွန်းပေါ်မှာဆောက်လုပ်ရေးလုပ်ငန်းတွေကို ဘင်္ဂလာဒေ့ရှ်တပ်က တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး လူတသိန်းနေထိုင်ဖို့ အဆောက်အဦးကြီး ၁၄၄၀ ကို ဆောက်လုပ်လျက်ရှိရာမှာ မေလ ၃၁ရက်နေ့ နောက်ဆုံးထားပြီးစီးမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်းရဲ့မြေနိမ့်ပိုင်းများကို ရေမဝင်နိုင်အောင် အရံအတားများလည်း ဆောက်လုပ်လျက်ရှိတယ်လို့ ဝန်ကြီးက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ တသိန်း ဇွန်လမှာ ရေလယ်ကျွန်းကို ရွှေ့မည် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ တသိန်း ဇွန်လမှာ ရေလယ်ကျွန်းကို ရွှေ့မည် Reviewed by THITHTOOLWIN on 16:18 Rating: 5
Powered by Blogger.