မစ္စပက်ကို ၂ဝ၁၇ မေ မှာ ဖမ်းဆီးခဲ့ပြီး မကြာခင်မှာပဲ ရုံးတင်စစ်ဆေးခဲ့ |
တိုင်းပြည်ကို လှုပ်ခတ်သွားအောင် လုပ်ခဲ့တဲ့ အကျိုး ရလဒ်ကို မြင်သာစေဖို့အတွက် အမိန့်ချတာကို ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ရေပေါ်ဆီ နိုင်ငံရေးသမားနဲ့ စီးပွားရေးသမားတွေကိုလည်း လူထုက မုန်းတီး ဒေါသထွက်ခဲ့ရပါတယ်။
မစ္စပက် ရဲ့ အကျင့်ပျက်ခြစားမှုတွေ အားလုံးအတွက် ဒဏ်ကြေးငွေအနေနဲ့ ဝမ် ၁၈ ဘီလီယံ (ယူရို ၁၂သန်း) ကို ပေးဆောင်ဖို့လည်း ဒဏ်တပ်ခံခဲ့ရပါတယ်။
သမ္မတဟောင်းဟာ တရားရုံးဆုံးဖြတ်ချက်ကို လာရောက်ကြားနာခဲ့ခြင်းမရှိပါဘူး။
ပြီးခဲ့တဲ့ရုံးချိန်းကသူ့အပေါ် စွပ်စွဲချက်တွေကို တရားရုံးမှာ လာရောက်ရင်ဆိုင်စဉ် ဆန့်ကျင်သူတွေ လာရောက်ခဲ့တဲ့အတွက် သူက တရားရုံးကြားနာမှုကို သပိတ်မှောက်ခဲ့တာ ဖြစ်ပါတယ်။
မစ္စပက်က သူ့အပေါ် စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားပါတယ်။
အာဏာပိုင်တွေဟာ အရင်က မလုပ်ခဲ့ဖူးပေမယ့် ထူးခြားဖြစ်စဉ်အနေနဲ့ အများပြည်သူ စိတ်ဝင်စားနေတဲ့ အမှုတခုဖြစ်တာ ကြောင့် ဒီသောကြာနေ့ စီရင်ချက်ကို ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်ဖို့ အတွက် ဆုံးဖြတ်ခဲ့ တာဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
တောင်ကိုရီးယားသမ္မတဟောင်း ခြစားမှုနဲ့ ထောင်၂၄ နှစ်ကျ
Reviewed by THITHTOOLWIN
on
18:32
Rating: