မန္တလေး ဧပြီ ၎
သရက်သီးပေါ်ချိန်တွင် ပြည်တွင်းမှ မရင့် မှည့်မီနှင့် ဆေးထိုးထားသည့် သရက်သီး များကို တရုတ်နယ်စပ်သို့ တင်ပို့ရောင်းချ မှုများကြောင့် မြန်မာ့သရက်သီးပို့ကုန် အရည်အသွေးနှင့် ဈေးကွက်စနစ်ကို ထိခိုက်စေနိုင်သဖြင့် သရက်သီးစိုက် တောင်သူများအကျိုး ကာကွယ်နိုင်ရန် အတွက် ဧပြီ ၁၅ ရက်အတွင်း သရက်သီးရောင်းဝယ်မှုကို ဆိုင်းငံ့ထား ကြောင်း မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမောင်ညွန့်က ပြောသည်။
မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်မှ အဆိုပါရက်အတွင်း သရက်သီးရောင်းဝယ် မှုကို ရပ်ဆိုင်းထားမည်ဖြစ်ပြီး မ္တလေး တိုင်းဒေသကြီး သရက်သီးအစုအဖွဲ့ များ နှင့်လည်း ချိတ်ဆက်ကာ သရက်စိုက် တောင်သူများနှင့် တင်ပို့သူများကို ပညာပေးနည်းလမ်း ကျင့်သုံးဆောင်ရွက် သွားမည်ဖြစ်သည်။
''မရင့်မှည့်ဘဲ သရက်သီးတွေကို တင်ပို့တော့ ချိုရမယ့် သရက်သီးက မချိုဘဲ ချဉ်တယ်၊ ကြာရှည်အထားမခံဘဲ ရှုံးကုန်တယ်၊ စိန်တစ်လုံးသရက်သီးက ချိုတယ်ဆိုပြီး တရုတ်ပြည်မှာ ဈေးကွက် နံပါတ် ၁ ရနေပေမယ့် ခုလိုမရင့်မှည့်ဘဲ တင်ပို့တဲ့အခါ မူလအရည်အသွေးအတိုင်း မဟုတ်တော့ ကြာရင် ဈေးကွက်ပျက်မယ်၊ မြန်မာ့သရက်သီးဈေးကွက်ကို ထိခိုက် လာမှာကြောင့် သရက်သီးအနုတွေ၊ ဆေးထိုးသရက်တွေ တရုတ်ဈေးကွက် မရောက်အောင် လုပ်တာဖြစ်ပါတယ်'' ဟု ဦးစိုင်းမောင်ညွန့်က ပြောသည်။
တရုတ်ပြည်ဈေးကွက် တင်ပို့နေ သည့် သရက်သီးများကို မ္တလေးတိုင်း ဒေသကြီး ကျောက်ဆည်ခရိုင်နှင့် ပုသိမ်ကြီးမြို့နယ်များတွင် အများဆုံး စိုက်ပျိုးထုတ်လုပ်နေပြီး ၂ဝ၁၇-၂ဝ၁၈ စာရင်းများအရ သရက်စိုက် ၂၄၁ဝ၄ ဧက ရှိရာ ခန့်မှန်းသရက်သီးတန်ချိန် ၆၅၉၇၈ တန်ထွက်ရှိနိုင်ပြီး ပြည်တွင်းစားသုံးမှုမှ ပိုလျှံသည့် ၂၁၅၇၅ တန်ကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ကြောင်း ခန့်မှန်းထား သည်ဟု သိရသည်။
''သရက်သီးက ပို့ကုန်လိုင်စင် လုပ်စရာမလိုဘူး၊ အကောက်ခွန်နဲ့ပဲ စိစစ်ပြီး တရုတ်ပြည်ဘက်ပို့တယ်၊ အခု ကြားနေရတာက သရက်သီးတွေက ချဉ်နေတယ်ပေါ့၊ ဒီလိုချဉ်နေရင် နောက် ဆို မဝယ်တော့ဘူးဆိုပြီး တရုတ်ဘက် က သရက်ကုန်သည်တွက ပြောလာပြီ၊ ဒါကြောင့် နုတဲ့သရက်သီးတွေ၊ ဆေးထိုး ထားတဲ့ သရက်သီးတွေကို တင်ပို့မယ်ဆို ရင် ဈေးကွက်ပျက်သွားနိုင်တဲ့အကြောင်း သက်ဆိုင်ရာကိုလည်း တင်ပြထားပါ တယ်'' ဟု ၄င်းက ပြောသည်။
မြန်မာ့သရက်သီးပို့ကုန်များတွင် တရုတ်ဈေးကွက်၌ စိန်တလုံးသရက် သည် အဓိကဖြစ်၍ ဒုတိယတွင် ဟင်္သာ သရက်၊ တတိယတွင် ရင်ကွဲသရက်တို့ဖြစ် ပြီး မရင့်မှည့်သေးဘဲ ဓာတုဆေးထိုးထား သော သရက်သီးများကို ဧပြီလအတွင်း တရုတ်နယ်စပ်သို့ တင်ပို့မှုမရှိစေရေး အတွက် ဖော်ထုတ်စိစစ်ကာ သတိပေး တားမြစ်ခြင်း၊ ပညာပေးခြင်းတို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
မင်းထက်အောင် (မန်းကိုယ်ပွား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မရင့်မှည့်မီနှင့် ဆေးထိုးထားသည့် သရက်သီးများ တရုတ်သို့ တင်ပို့ရောင်းချမှု ဆိုင်းငံ့ထား
Reviewed by THITHTOOLWIN
on
08:39
Rating: