ကုလ လူအခွင့်အရေးဆိုင်ရာ အကြီးအကဲကို ဦးနှောက်မရှိသူလို့ သမ္မတ ဒူတာတေး ပြောကြား


ဖိလစ်ပိုင်သမ္မတဒူတာတေးက သူ့ရဲ့မူးယစ်ဆေးဝါးနှိမ်နင်းရေးတွေကို ဝေဖန်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး ဇိရဒ် ဟူစိန်ကို ဦးနှောက်မရှိတဲ့သူလို့ ပြင်းပြင်းထန်ထန် တိုက်ခိုက် ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးကြည့်ဖို့လိုနေပြီလို့ ဇိရဒ်ဟူစိန်က ပြီးခဲ့တဲ့လကပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးပြောသလို စိတ်ရောဂါကုဆရာဝန်ဆီသွားပါတယ်။ စိတ်ဆရာဝန်က ခင်ဗျားဘာမှမဖြစ်ပါဘူး၊ ကြိမ်ဆဲခံနေရတာသက်သက်ပါလို့ ကျနော့်ကိုပြောပါတယ်လို့ အင်္ဂါနေ့ညနေက ပြောကြားတဲ့မိန့်ခွန်းထဲမှာ ဒူတာတေးက ထည့်ပြောခဲ့ပါတယ်။

ဇိရဒ်ဟူစိန်မှာ ခေါင်းတလုံးရှိပေမဲ့ အထဲမှာ ဘာမှမရှိပါဘူး။ စဉ်းစားဉာဏ်ကို ဖန်တီးပေးတဲ့ပစ္စည်းလည်း ပါမလာပါဘူး။ သူ့ဆံပင်တွေကို ရှင်သန်စေမယ့် အဟာရဓါတ်တောင်သူ့ခေါင်းထဲမှာ ရှိမနေပါဘူး။ ဒါကြောင့်သူ့မှာ ဆံပင်တောင်မရှိတာပေါ့လို့ ဒူတာတေးကဆက်ပြောပါသေးတယ်။

အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဒူတာတေးဟာ အဲဒီမိန့်ခွန်းထဲမှာ အမေရိကန်သမ္မတဟောင်း အိုဘားမား၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အပါအဝင် သူ့ရဲ့ ရာဇဝတ်မှုနှိမ်နင်းရေးလုပ်ငန်းတွေကို ဝေဖန်သူအားလုံးကို ကြမ်းကြမ်းတမ်းတမ်း ထိုးနှက်ပြောဆိုခဲ့ပါတယ်။

ဒူတာတေးဟာ ၂၀၁၆ ခုနှစ်မှာ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုတွေကို အမြစ်ဖြတ်နှိမ်နင်းပစ်မယ်ဆိုတဲ့ မဲဆွယ်မှုနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး သမ္မတသက်တမ်း ၆ လအတွင်းမှာ ထောင်နဲ့သောင်းနဲ့ ချီတဲ့ မူးယစ်ဆေးသုံးစွဲသူနဲ့ ရောင်းဝယ်ဖောက်ကားသူတွေကို သတ်ဖြတ်နှိမ်နင်းခဲ့တာဖြစ်ပါတယ်။

မူးယစ်ဆေးသုံးစွဲသူနဲ့ ရောင်းဝယ်ဖောက်ကားသူတွေကို ဖမ်းဆီးစဉ်ပြန်လည်တိုက်ခိုက်တဲ့အတွက် သတ်ဖြတ်ခဲ့ရသူ ၄၁၀၀ ရှိတယ်လို့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့ကပြောပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ တကယ်သေဆုံးသူဟာ အဲဒီပမာဏရဲ့ ၃ ဆရှိပြီး အာဏာပိုင်တွေကို လူသတ်သမားတွေအဖြစ် စွပ်စွဲထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ကုလ လူအခွင့်အရေးဆိုင်ရာ အကြီးအကဲကို ဦးနှောက်မရှိသူလို့ သမ္မတ ဒူတာတေး ပြောကြား ကုလ လူအခွင့်အရေးဆိုင်ရာ အကြီးအကဲကို ဦးနှောက်မရှိသူလို့ သမ္မတ ဒူတာတေး ပြောကြား Reviewed by THITHTOOLWIN on 22:33 Rating: 5
Powered by Blogger.