ကလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ သံချပ်အဖွဲ့ ထွက်မည်


ကလေးl ဧပြီ - ၁၁

ကလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂသည် ယခုနှစ် ကလေးမြို့လမ်းလျှောက်သင်္ကြန်၌ အိုးဝေသံ သံချပ်အဖွဲ့အဖြစ် ပထမဦးဆုံးအကြိမ် ထွက်ရှိမည်ဟု ယင်းအဖွဲ့မှ သတင်းရရှိပါသည်။

"ကျောင်းသားများကနေ ပြည်သူလူထု လိုအပ်ချက်၊ပြင်ဆင်ရမယ့် အချက်တွေကို အပြုသဘောဖြင့် သံချပ်ထိုးမှာပါ။တစ်နှစ်စာလုံးကို ခြုံငုံပြောဆိုမှာပါ။"ဟု အိုးဝေသံအဖွဲ့မှ ကိုဟိန်းသန့်ဝင်းကပြောသည်။ ယင်းသံချပ်တွင် အစိုးရကိုလည်း ထောက်ပြသွားမည်ဖြစ်ပြီး သံချပ်စိစစ်ရေး၏ ခွင့်ပြုချက်လည်း ရရှိပြီဖြစ်ကျောင်း ယင်းကဆိုသည်။

အိုးဝေသံအဖွဲ့သည် ကလေးတက္ကသိုလ် ကျောင်းမှ မေဂျာပေါင်းစုပြီး ကျောင်းသား/သူများနှင့်ကျောင်းသားများသမဂ္ဂအဖွဲ့တို့အား ချိတ်ဆက်ကာ ယခုနှစ်မှာ ကလေးမြို့ပေါ်ရှိ မဏ္ဍပ်များ၌ ဖျော်ဖြေတင်ဆက်သွားမည်ကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်ကာလတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် သံချပ်အဖွဲ့များအနေဖြင့် နိုင်ငံတော်အဖွဲ့အစည်း|လူပုဂ္ဂိုလ်တစ်ဦးဦးကို ဂုဏ်သိက္ခာညှိုးနွမ်းထိခိုက်စေမည့်သဘောမျိုးမပါရှိစေရန်|ရိုင်းစိုင်းသည့် ဆဲဆိုသောစကားအသုံးအနှုန်း|ဟန်ပန်အမူအရာများမပါဝင်စေရန်နှင့်ဘာသာလူမျိုးထိခိုက်စေမည့်သံချပ်များမပါဝင်စေရန် သီချင်းသံချပ်စိစစ်ရေးကော်မတီသို့ တိုင်းအစိုးရအဖွဲ့က ညွန်ကြားထားသည်။

ဓာတ်ပုံ - ကလေး တကသ
သူရိယထက်
Monywa Gazette
https://www.facebook.com/monywagazette
ကလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ သံချပ်အဖွဲ့ ထွက်မည် ကလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ သံချပ်အဖွဲ့ ထွက်မည် Reviewed by THITHTOOLWIN on 22:14 Rating: 5
Powered by Blogger.