ရိုက်တာ သတင်းထောက်နှစ်ဦးကို အမှုကနေ လွှတ် မလွှတ် ဧပြီ ၁၁ မှာ အမိန့်ချမည်

ရိုက်တာ သတင်းထောက် ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံးကို ၂၀၁၈ ခုနှစ်၊ ဧပြီ ၄ ရက်နေ့က ရုံးထုတ်လာသည်ကို တွေ့ရစဉ်။ Photo: Htet Arkar/ RFA
နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာ သတင်းဌာနက မြန်မာသတင်းထောက် ကိုကျော်စိုးဦးနဲ့ ကိုဝလုံးတို့ကို အမှုကနေ လွှတ် မလွှတ်ကို လာမယ့် ဧပြီလ ၁၁ ရက်နေ့ ရုံးချိန်းမှာ အမိန့်ချမယ်လို့ သူတို့နှစ်ဦးရဲ့ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ဒီနေ့ ပြောပါတယ်။

ကိုကျော်စိုးဦးနဲ့ ကိုဝလုံးတို့ရဲ့ ဒီနေ့ တရားရုံးထုတ်အပြီးမှာ ရှေ့နေ ဦးခင်မောင်ဇော်က ပြောခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ရုံးချိန်ဟာ သတင်းထောက်နှစ်ဦး ရင်ဆိုင်နေရတဲ့ နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ ပြစ်မှု မြောက် မမြောက်ကို နှစ်ဖက်ရှေ့နေတွေက လျှောက်လဲချက် တင်ကြပြီး အမှုကို ကြားနားခဲ့ကြတာ ဖြစ်ပါတယ်။

သတင်းထောက်နှစ်ဦးကို စွပ်စွဲထားတဲ့ အမှုဟာ သက်သေ ၁၇ ဦးကို စစ်ဆေးပြီးပေမယ့် ပြစ်မှုက မပေါ်လွင်တာ ကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ (၂) အရ စွဲချက်မတင်ခင် လွှတ်ပေးသင့်တယ်လို့ လျှောက်ထားခဲ့ကြောင်း ပြောပါတယ်။

ကိုကျော်စိုးဦးနဲ့ ကိုဝလုံးတို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ညက  ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အင်းဒင်ရွာမှာ ရွာသား ၁၀ ဦး သတ်ဖြတ်ခံခဲ့ရတဲ့ အမှုနဲ့ ပတ်သက်ပြီး သတင်းရယူခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ရိုက်တာ သတင်းထောက်နှစ်ဦးကို အမှုကနေ လွှတ် မလွှတ် ဧပြီ ၁၁ မှာ အမိန့်ချမည် ရိုက်တာ သတင်းထောက်နှစ်ဦးကို အမှုကနေ လွှတ် မလွှတ် ဧပြီ ၁၁ မှာ အမိန့်ချမည် Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.