တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံရာမှာ ပါဝင်ခဲ့သူတွေကို ၂ဝ၁၈ ခုနှစ် မတ်လ ၁၅ ရက်နေ့က တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်/ Photo: Htet Arkar/RFA |
ဒီကနေ့ ရန်ကုန်မြို့ အင်စိန်မြို့နယ် မြောက်ပိုင်းခရိုင်တရားရုံးမှာ ပြန်ခေါ်သက်သေအဖြစ် ရှမ်းပြည်နယ် မိုင်းဖြတ်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းကို စစ်ဆေးရာမှာ ကြည်လင်းလို့ သူမသိထားဘဲ အောင်စိုးလို့ သိထားကြောင်း ထွက်ဆိုခဲ့တယ်လို့ ဦးကိုနီရဲ့ ရှေ့နေ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဌေးက ပြောပါတယ်။
ဒါ့အပြင် ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းဟာ ပြန်ခေါ်သက်သေအဖြစ် ပြန်လည်စစ်မမေးခင်မှာ ဇေယျာဖြိုးနဲ့ အောင်ဝင်းခိုင်ဟာ စီးပွားဖက်တွေဖြစ်ကြောင်း တရားရုံးတော်မှာ ထွက်ဆိုခဲ့ပေမယ့် ဒီကနေ့ စစ်မေးမြန်းရာမှာတော့ စီးပွားဖက်တွေ မဟုတ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။
ဦးကိုနီ လုပ်ကြံခံရမှုအတွက် တရားလိုသက်သေအဖြစ် အယောက် ၈၀ ကျော်ကို စစ်ဆေးမေးမြန်းခဲ့ပြီးနောက် လိုအပ်တဲ့ အချက်လက်တွေ စစ်မေးမြန်းဖို့အတွက် ပြန်ခေါ်သက်သေအဖြစ် ၃၇ ယောက်ကို ခေါ်ဆိုရာမှာ ရှမ်းပြည်နယ် မိုင်းဖြတ်မြို့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း ပါဝင်လာတာဖြစ်ပါတယ်။
ဒါ့အပြင် သံသယရှိသူ အောင်ဝင်းခိုင်ဟာ နေပြည်တော်မှာ ပျောက်မသွားခင်က ဦးလင်းဇော်ထွန်းထံက ပိုက်ဆံ ၁၀ သိန်း လာချေးယူခဲ့ကြောင်းကိုလည်း ဦးလင်းဇော်ထွန်းက ထွက်ဆိုခဲ့ဖူးတယ်လို့ ရှေ့နေ ဦးခင်မောင်ဌေးက ပြောပါတယ်။
ဦးလင်းဇော်ထွန်းဟာ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် မိုင်းဖြတ်မြို့ကနေ ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးအနေနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ ရရှိခဲ့ပါတယ်။
ဦးကိုနီ အသတ်ခံရတာနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာနကပြောတဲ့ အချက်အလက်တွေနဲ့ ဆန့်ကျင်ဘက်အချက်လက်တွေကို ဒုရဲမှူး တင်မောင်ဆွေက တရားရုံးတော်မှာ ထွက်ဆိုသွားတာတွေလည်း ရှိခဲ့ပါတယ်။
RFA Burmese
https://www.rfa.org/burmese
ဦးကိုနီအမှုအတွက် USDP အမတ်ကို တရားရုံးက စစ်ဆေး
Reviewed by THITHTOOLWIN
on
18:58
Rating: