RCSS/SSAအဖွဲ့နှင့်​ TNLAတို့ တိုက်​ပွဲများဖြစ်​ပွားပြီး လက်​နက်​ကြီးဗုံးသီး ရွာထဲကျ​ရောက်​​ပေါက်​ကွဲ

Photo- Hkanghkyi Naw
ကျောက်​မဲ(​တော့ဖယ်​)၊ မတ်​လ ၁၅

ကျောက်​မဲမြို့ နယ်​၊ ​တော့ဖယ်​​ကျေးရွာ၏ အ​ရှေ့ဘက်​ ၄ဖာလုံတွင်​ RCSS/SSAနှင့်​ TNLAတို့ မတ်​လ ၁၄ရက်​​နေ့ နံနက်​ ၆နာရီက တိုက်​ပွဲများ ဖြစ်​ပွားခဲ့ရာ လက်​နက်​ကြီးဗုံးသီးများ ​တော့ဖယ်​​ကျေးရွာအတွင်း ကျ​ရောက်​​ပေါက်​ကွဲခဲ့၍ ​နေအိမ်​တစ်​လုံး ထိခိုက်​ပျက်​စီးခဲ့ပြီး ​ဒေသခံ ၃ဦး ​သေဆုံးခဲ့​ကြောင်း သိရသည်​။

နှစ်​ဖက်​ရင်​ဆိုင်​တိုက်​ပွဲများ​ကြောင့် လက်​နက်​ကြီးဗုံးသီးကျ​ရောက်​ခဲ့ရာ ​တော့ဖယ်​​ကျေးရွာရှိ ​ဒေါ်​အေးမတ်​၊ ​ဒေါ်​အေးကျွမ်း ကွန်​​ကော်​​ကျေးရွာ​နေ ဦးသိန်းဟန်​တို့ ၃ဦး ​သေဆုံးခဲ့သည်​။

သေဆုံးခဲ့သူများအား မတ်​လ ၁၄ရက်​၊ ​နေ့လည်​ ၂နာရီခွဲတွင်​ ​ကျေးရွာအုပ်​ချုပ်​​ရေးအဖွဲ့ဝင်​များနှင့်​ ရပ်​မိရပ်​ဖများက ​သင်္ဂြို ဟ်​ပြီးစီးခဲ့ပြီး တိုက်​ပွဲများ​ကြောင့် ရွာသားများမှာ စိုးရိမ်​လျက်​ရှိ​ကြောင်း ​ကျေးရွာမှ ​ဒေသခံတစ်​ဦးက WNJ သို့ ဆက်​သွယ်​​ပြောဆိုခဲ့သည်​။

ရဲသူ(လားရှိုး)
WNJ lashio
https://www.facebook.com/wnjlashio/
RCSS/SSAအဖွဲ့နှင့်​ TNLAတို့ တိုက်​ပွဲများဖြစ်​ပွားပြီး လက်​နက်​ကြီးဗုံးသီး ရွာထဲကျ​ရောက်​​ပေါက်​ကွဲ RCSS/SSAအဖွဲ့နှင့်​ TNLAတို့ တိုက်​ပွဲများဖြစ်​ပွားပြီး လက်​နက်​ကြီးဗုံးသီး ရွာထဲကျ​ရောက်​​ပေါက်​ကွဲ Reviewed by THITHTOOLWIN on 20:30 Rating: 5
Powered by Blogger.