မတ်လ ၁၁ ရက်နေ့ ယနေ့ နံနက် ၂ နာရီ ၁၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ဂေါက်ကွင်း အရှေ့၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၄၃/၇)အနီးတွင် သရက်-ရန်ကုန်ခရီးသည်တင်ယာဉ်ကားနှင့် LIGHT TRUCK ယာဉ် တိုက်မိရာ (၂)ဦးသေဆုံး ခဲ့ကြောင်း သိရပါသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်ဘက်မှ ပြည်ဘက်သို့ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နေ ဦးအောင်နိုင်(၅၃)နှစ် မောင်းနှင်ပြီး ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နေ မအတူး(၂၂)နှစ်၊ မကွေးတိုင်းဒေသကြီး၊ ကမ္မမြို့နေ ဦးတင်လင်း(၅၀)နှစ်လိုက်ပါလာသည့် 8G/×××× LIGHT TRUCK ယာဉ်သည် အရှိန်မထိန်း နိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိကာ မျက်နှာချင်းဆိုင်ဘက်မှ သရက်မြို့နေ ကိုဉာဏ်ဝင်း (၃၃)နှစ်မောင်းနှင်ပြီး ယာဉ်နောက်လိုက် ကမ္မမြို့နေ မောင်ထွေးကို(၃၁)နှစ်နှင့် ခရီးသည်များ လိုက်ပါလာသည့် သရက်-ရန်ကုန်ခရီးသည်တင်ယာဉ်အား တိုက်မိခဲ့သဖြင့် ဦးအောင်နိုင် ပါ(၂)ဦး တို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး မအတူး၊ ကိုဉာဏ်ဝင်း နှင့် မောင်ထွေးကို တို့တွင် ဒဏ်ရာများအသီးသီးရခဲ့ကြောင်းသိရသည်။
LIGHT TRUCK ယာဉ်မောင်း ဦးအောင်နိုင် အား နတ်တလင်းမြို့မ ရဲစခန်းယာဉ်(ပ)၁၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
သရက်-ရန်ကုန်ခရီးသည်တင်ယာဉ်ကားနှင့် LIGHT TRUCK ယာဉ် တိုက်မိ (၂)ဦးသေဆုံး
Reviewed by THITHTOOLWIN
on
21:48
Rating: