ကျောက်မဲမြို့ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး လမ်းအသုံးပြုခကောက်ခံသည့် အိုရီယန်တယ် ဟိုင်းဝေးတိုးဂိတ်အနီးမှာ (26-3-2018) မတ်လ ၂၆ ရက်နေ့  ညသန်းခေါင်က
လက်လုပ်မိုင်း ၂ လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ပထမတစ်လုံးက ၁၁နာရီ ၃၅မိနစ်မှာ ကွဲတယ်။ ဒုတိယအလုံးက ၁၂း၀၀ နာရီကျော်မှာ ကွဲတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက ဒုတိယအကြိမ်နှစ်လုံးဆင့်ကွဲတော့ သေနတ်နဲ့ပစ်ရှင်းတာမို့ သေနတ်သံတွေလဲ ထပ်မံကြားရတာဖြစ်တယ်။
တိုးဂိတ်ရဲ့ သီပေါဖက်အဆင်းတန်ပိုချိန်တဲ့ဘက် ပေ ၃၀ အကွာအဝေးလောက်မှာကွဲတာ။ တစ်လုံးနဲ့တစ်လုံးပေ ၁၀၀လောက်ဘဲကွာပြီးထောင်သွားတယ်လို့သိရပါတယ်။ ဒုတိယမိုင်းက ရီမုမိုင်းလို့ ယူဆရပြီး မိုင်းပေါက်ကွဲမှုကြောင့် ခြံစည်းရိုးကွန်ကရစ်တိုင်တစ်တိုင် ပျက်စီးသွာပြီး လူ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရတာမျိုးမရှိပါဘူးလို့သိရပါတယ်။
Nay Myo
ကျောက်မဲမြို့ အိုရီယန်တယ်တိုးဂိတ်အနီး လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲ
Reviewed by THITHTOOLWIN
on
12:51
Rating:
