မြိတ်-ကော့သောင်းလမ်းတွင် အရှိန်မထိန်းနိုင်၍ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား အမျိုးသမီးငယ်တစ်ဦးသေဆုံး


ပြည်ကြီးမဏ္ဍိုင် မတ် ၂၉

ပြည်ကြီးမဏ္ဍိုင်မြို့ မနိုးရုံး ကျေးရွာအုပ်စု ရွာသာယာကျေးရွာ အနီးမြိတ်-ကော့သောင်းကားလမ်း မကြီးမိုင်တိုင်အမှတ် ၈၉/ဝနှင့် ၁ အကြားတွင်ယမန်နေ့ညနေ ၅နာရီ ၁၅မိနစ်က ကျောက်သယ်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဖြစ်ရာမှ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါကျောက် သယ်ယာဉ်FORLANDအပြာ ရောင် ယာဉ်အမှတ် 9H---သည် တနင်္သာရီမြို့နယ် ပဝကျေးရွာ အုပ်စု အင်ဝိုင်းကျေးရွာ မင်္ဂလာ ဆောင်မှ ရွာသာယာကျေးရွာ မင်္ဂလာဆောင်သို့သွားသည့်ရွာသား များအားတင်ဆောင်၍ ပြန်လာစဉ် မနိုးရုံးကျေးရွာအုပ်စု ရွာသာယာ ကျေးရွာအနီးမြိတ်-ကော့သောင်း ကားလမ်းမကြီး မိုင်တိုင်အမှတ် ၈၉/ဝနှင့်၁အကြားတွင်အရှိန်မထိန်း နိုင်ဘဲ လမ်းဘေးသို့တိမ်းမှောက် ခဲ့ရာယာဉ်ပေါ်ပါလာသည့်မနန္ဒာအေး (၁၇နှစ်)သည်အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ခရီးသည် နှစ်ဦးစိုးရိမ်ရသော အခြေအနေရှိ၍ ကျန်ခရီးသည် ၁၃ဦးတို့မှာ ဒဏ်ရာ အနည်းငယ်ရရှိပြီး ပြည်ကြီးမဏ္ဍိုင် ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည် ကြီးမဏ္ဍိုင်မြို့ရဲစခန်းက ယာဉ် မောင်းနှင်သူများယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် ယာဉ်(ပ)၃/၂ဝ၁၈ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃ဝ၄-က/၂ဝ၂အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရ သည်။

The Union Daily
https://www.facebook.com/uniondaily.net
မြိတ်-ကော့သောင်းလမ်းတွင် အရှိန်မထိန်းနိုင်၍ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား အမျိုးသမီးငယ်တစ်ဦးသေဆုံး မြိတ်-ကော့သောင်းလမ်းတွင် အရှိန်မထိန်းနိုင်၍ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား အမျိုးသမီးငယ်တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 17:47 Rating: 5
Powered by Blogger.