ကျောင်းဆရာ(စာရေးဆရာ)တစ်ဦးမှ ၅ နှစ်အရွယ်ကျောင်းသူအား အဓမ္မပြုကျင့်ကြောင်းသိရ |
အဆိုပါ ဘကကျောင်းမှ ကျောင်းဆရာ(စာရေးဆရာ) မောင်သစ်ဦးက ကျောင်းအိပ်ကျောင်းစားပညာသင်နေသော ကျောင်းသူ မ---- (အသက် ၅နှစ်)အား မတရားချုပ်နှောင်၍ ကာမရယူခဲ့ကြောင်း သိရရှိရ၍ အမှတ် (၁) နယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
သက်ငယ်မုဒိမ်းမှုကျူးလွန်သူ ကျောင်းဆရာ စာရေးဆရာ မောင်သစ်ဦးမှာ ယခုအခါ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျောင်းဆရာ စာရေးဆရာ မောင်သစ်ဦး အား အမှတ် (၁) ရဲစခန်းမှ ပ-၁၂၄/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆၊ ၃၇၇ ဖြင့် အမှု့ဖွင့် တရားစွဲဆိုသွားနိုင်ရန် ဝရမ်းထုတ် ဖမ်းဆီးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်ထူး
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
ကျောင်းဆရာ(စာရေးဆရာ)တစ်ဦးမှ ၅ နှစ်အရွယ်ကျောင်းသူအား အဓမ္မပြုကျင့်
Reviewed by THITHTOOLWIN
on
21:25
Rating: