တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာ အုပ်စုတွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်မှု ဖြစ်ပွား
တာချီလိတ် မတ် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်တွင် မတ်လ ၁၁ ရက်နေ၊ ည ၈ နာရီ ၁၅ မိနစ်ခန့်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မိုင်းကိုးကျေးရွာအုပ်စုရှိ ကျေးရွာများတွင် လူနေအိမ်(၇၆)လုံးနှင့် ဘုန်းကြီး ကျောင်းတစ်ကျောင်း အမိုးလန်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မွန်းမွန်း(ပလောင်)ကျေးရွာတွင် သွပ်အမိုးလန်နေအိမ်(၉)လုံး၊ သက်ကယ်မိုးအိမ်ပြို(၁)လုံး၊ မနော်ကျေးရွာတွင် သွပ်အမိုးလန်(၂)လုံး၊ မိုင်းဟိကျေးရွာတွင် သွပ်အမိုးလန်(၂)လုံး၊ ကျတဲတိုဘိုကျေးရွာတွင် သွပ်အမိုးလန်(၂၁)လုံး၊ ဘုန်းကြီးကျောင်း သွပ်အမိုးလန် (၁)ကျောင်း၊ မယ်ဖုံးလုံးကျေး ရွာတွင် သွပ်အမိုးလန် အိမ်(၆)လုံး၊ အမှတ်(၁ဝဝ၉)နယ်ခြားစောင့်တပ်တွင် သွပ်အမိုးလန် အဆောက်အဦ (၃၅)လုံး ရှိကြောင်း သိရသည်။
အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများသို့ တာဝန်ရှိသူများက သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေယံလင်း(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာ အုပ်စုတွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်မှု ဖြစ်ပွား
Reviewed by THITHTOOLWIN
on
18:09
Rating: