ဓာတ်ပုံ - ယခင်နှစ်ကပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲ |
“ဦးဇခုန်တိန့်ယိန်းက ဆန္ဒပြပွဲရော၊ မြစ်ချောင်းအင်းအိုင်များနေ့ အထိမ်းအမှတ် အခမ်းအနားရော မလုပ်ကြပါနဲ့လို့ ဆော့လော်က ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ဒေသခံတွေကို လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက စာပို့ထားတယ်”ဟု ဦးဇောင်းဒိုင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
ကမ္ဘာ့မြစ်ချောင်းအင်းအိုင်များနေ့သည် ယခုလ ၁၄ ရက်တွင် ကျရောက်မည်ဖြစ်ပြီး ထိုနေ့တွင် မေခမြစ်နှင့် ငေါ့ချမ်းခမြစ်ပေါ်တွင် ရေကာတာ ၆ ခု တည်ဆောက်မည်ကို အလိုမရှိကြောင်း ကန့်ကွက် ဆန္ဒဖော်ထုတ်ရန် ချီဖွေနှင့် ဆော့လော်မှ ဒေသခံများ စီစဉ်နေခြင်းအား ဦးဇခုန်တိန့်ယိန်းက အထက်ပါအတိုင်း တားမြစ်နေခြင်းဖြစ်ကြောင်း သိရသည်။
“သူ့စိတ်ကြိုက် လုပ်လို့မှ မရတာ။ ကျွန်တော်တို့ ဒေသခံတွေကတော့ ဒီဆန္ဒပြပွဲကို လုပ်ဖြစ်အောင် လုပ်သွားမှာပါပဲ” ဟု ချီဖွေမြို့မှ ဒေသခံ ဦးဇောင်းဒိုင်က ပြောသည်။
အဆိုပါ ရေကာတာ တည်ဆောက်မှုကို ကန့်ကွက်နေခြင်းမှာ ဒေသခံ ဘိုးဘေးများ၏ အမွေအနှစ်ဖြစ်သော ရိုးရာလှေကားထစ်စိုက်ခင်းများနှင့် မြေယာများအပြင် ဒေသခံများ နေထိုင်သည့် မြေများ ဆုံးရှုံးသွားမည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
၂၀၁၇ ခုနှစ်တွင် ကျရောက်သည့်ကမ္ဘာ့ မြစ်ချောင်းအင်းအိုင်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ချီဖွေမြို့နယ်ရှိ ထွန်းရှိန်ကျေးရွာတွင် ပြုလုပ်ခဲ့ပြီး ထိုအခမ်းအနားတွင်လည်း ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြသည်။
မွန်းမွန်းပန်
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
ဆော့လော်မြို့တွင် ပြုလုပ်မည့် ဒေသခံများ၏ ဆန္ဒပြပွဲကို ဦးဇခုန်တိန့်ယိန်း တားမြစ်
Reviewed by THITHTOOLWIN
on
21:56
Rating: