ပေါင်းတည်မြို့က ဈေးမှာ စကားများပြီး လင်ဖြစ်သူက မယားဖြစ်သူကို ဓါးဖြင့်ထိုးသတ်မှုဖြစ်ပွား


ယ​နေ့ မတ်လ ၂၇ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်​မြို့၊ အုပ်​ဖို(၂)ရပ်​ကွက်​၊​ ဈေးသစ်​ဝန်း(​မြောက်​ပိုင်း​ဈေး)​အတွင်း ဈေးသည်လင်မယား စကားများရာမှ လင်ဖြစ်သူမှ မိန်းမဖြစ်သူအား ဓါးဖြင့်ထိုး၍ သေဆုံးမှုဖြစ်ပွားခဲ့ ကြောင်း သိရပါသည်။


သေဆုံးသူ DB အား ​စေတနာ နာ​ရေးကူညီမှုအသင်းမှ အသင်းသားများ HSE-5453 (နိဗ္ဗာန်​ယာဉ်​)ဖြင့်​သွား​ရောက်​ခဲ့ပြီး အခင်းဖြစ်​ပွားရာ​နေရာတွင်​ ဘယ်​ဘက်​ရင်အုံထိုးသွင်း ဒဏ်​ရာတစ်​ချက်​ဖြင့်​ ​သေဆုံးလျှက်​​တွေ့ရှိရ​သော အမျိုးသမီးတစ်​ဦ ရုပ်​အ​လောင်းအား ပေါင်းတည်​​ဆေး​ရုံ(ရင်ခွဲရုံဌာန)သို့ ပို့​ဆောင်​ကူညီ​ပေးခဲ့ပါသည်​။

သတင်း - ဓါတ်ပုံ - ​စေတနာ နာ​ရေးကူညီမှုအသင်း(​ပေါင်းတည်​)
ပေါင်းတည်မြို့က ဈေးမှာ စကားများပြီး လင်ဖြစ်သူက မယားဖြစ်သူကို ဓါးဖြင့်ထိုးသတ်မှုဖြစ်ပွား ပေါင်းတည်မြို့က ဈေးမှာ စကားများပြီး လင်ဖြစ်သူက မယားဖြစ်သူကို ဓါးဖြင့်ထိုးသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 12:44 Rating: 5
Powered by Blogger.