အိန္ဒိယမှာ အထက်တန်းကျောင်း စာမေးပွဲမတိုင်ခင် မေးခွန်းတွေပေါက်ကြားသွားပြီးတဲ့နောက် ကျောင်းသား ၂ သန်း ၈ သိန်း ဟာ နောက်ဆုံးအတန်းတင်စာမေးပွဲပြန်ဖြေရပါမယ်။
စာမေးပွဲမကျင်းပခင် သင်္ချာနဲ့ ဘောဂဗေဒ စာမေးပွဲမေးခွန်း ဘယ်ပုံဘယ်နည်း ပေါက်ကြားပြီး WhatsApp ကတဆင့် ဘယ်လို အင်တာနက်မှာ ပျံ့နှံ့သွားသလဲဆိုတာ စစ်ဆေးရေးဝင်နေတယ်လို့ ပညာရေးဝန်ကြီးက ပြောပါတယ်။
ဒီအတောအတွင်း ပိုင်ရှင်ရဲ့ သဘောဆန္ဒမပါဘဲ အချက်အလက်တွေ တဆင့်ဖြန့်နေတယ်လို့ ပြင်သစ် ဆိုင်ဘာလုံခြုံရေး သုတေသီတစ်ယောက်က ၀န်ကြီးချုပ် မိုဒီရဲ့ ကိုယ်ပိုင်လူမှုကွန်ရက်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက စွပ်စွဲပါတယ်။
အဓိကအတိုက်အခံပါတီက ရာဟူးဂန္ဒီကလည်း စာမေးပွဲမေးခွန်း ပေါက်ကြားတာနဲ့ ပတ်သက်ပြီး ဆိုင်ဘာလုံခြုံရေးမရှိတဲ့အတွက် ၀န်ကြီးချုပ်မိုဒီ အစိုးရကို သရော်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
အထက်တန်း စာမေးပွဲ မေးခွန်း ပေါက်ကြားလို့  ကျောင်းသား ၂၈ သိန်း ဒုက္ခရောက်
Reviewed by THITHTOOLWIN
on
12:28
Rating:
