လ၀ကအက်ဥပဒေနဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရတဲ့ သေနတ်သမားကြည်လင်း အဲဒီပြစ်ဒဏ်ကနေ ဒီနေ့လွတ်မြောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီနေ့ ရုံးထုတ်မှာ ကြည်လင်းကို သံခြေကျင်းခတ်တာကနေ ပယ်ဖျက်ပြီး အရပ်သားအင်္ကျီဝတ်ဆင်ကာ ရုံးထုတ်လာခဲ့တာပါ။
ကြည်လင်းဟာ မြ၀တီ-မဲဆောက်ကို တရားမ၀င်နယ်စပ်ဖြတ်ကျော် ခဲ့တာကြောင့် လ၀ကဥပဒေနဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံထား ရတာဖြစ်ပါတယ်။ ဆက်လက်ပြီး ကြည်လင်းဟာ စွဲချက်တင်ခံထားရတဲ့ ပုဒ်မ၃၀၂(၁)(ခ)အပါအ၀င် အခြားပုဒ်မတွေနဲ့ ဆက်လက်အမှုရင်ဆိုင်
နေရဆဲဖြစ်ပါတယ်။
သတင်း - မျိုးမင်း(5 Plus News)
https://www.facebook.com/5plusnews/
လ၀ကအက်ဥပဒေနဲ့ ထောင်ဒဏ်ချခံထားရတဲ့ သေနတ်သမားကြည်လင်း အဲဒီပြစ်ဒဏ်ကလွတ်မြောက်
Reviewed by THITHTOOLWIN
on
18:31
Rating: