ရေး မတ် ၁၁
မွန်ပြည်နယ် ရေးမြို့ ရေးမြစ်ချောင်း အတွင်း ငါးဆေးခတ်ဖမ်းဆီးခြင်းကြောင့် ငါးသယံဇာတရှားပါးမှုများနှင့် ကြုံတွေ့ နေရကြောင်း သိရသည်။
''ဆေးခတ်ပြီး ဖမ်းဆီးလာတဲ့အခါ ငါးသယံဇာတတွေက ရှားပါးလာသလို ပုစွန်တွေ ပိုမိုအထိနာသေဆုံးလာတယ်၊ငါးတွေလည်း လွန်ခဲ့တဲ့ လေးနှစ် လောက်တုန်းက ငါးဖမ်းသမားတစ်ဦးကို ငါးပိဿာလောက်ရပေမယ့် အခုအချိန် မှာ တစ်ပိဿာလောက်ပဲရပါတယ်'' ဟု ငါးဖမ်းလုပ်ကိုင်သူ ဦးဆန်းဝင်းက ပြော သည်။
မိရိုးဖလာ ငါးဖမ်းသမားအများစုက ''ငါးသယံဇာတတွေ ရှားပါးလာတဲ့အခါ မဆင်မခြင် ငါးဖမ်းသမားတွေကို ထိရောက်တဲ့အရေးယူမှုတွေ ပြုလုပ်နိုင် ဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေ ထံ တင်ပြထားခဲ့ပေမယ့်လည်း ယနေ့ အချိန်အထိ မဆင်မခြင်ငါးဖမ်းသမား တချို့တွေ ရှိနေပါတယ်'' ဟု ပြောသည်။
''ဆေးခတ်ငါးဖမ်းနေတာရှိလာတဲ့ အပေါ် ဖမ်းဆီးအရေးယူဖို့ စစ်ဆေးပေ မယ့် သက်သေအထောက်အထားတွေ မရှိလို့ အခက်အခဲဖြစ်ရပါတယ်၊ ဒေသခံ တွေက ပူးပေါင်းပါဝင်ဖို့ လိုပါတယ်၊ ဒီနှစ် ထဲမှာ ဒေသခံတွေက သတင်းပေးမှု၊ ပူးပေါင်းမှုတွေကြောင့် တစ်မှုတော့ တရား စွဲနိုင်ခဲ့ပါတယ်၊ လက်ရှိတော့အသိပညာ ပေးလုပ်ငန်းတွေပဲ လုပ်နိုင်ပါတယ်'' ဟု မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးက ပြော သည်။
ရေးမြစ်ချောင်းမှာ ရေပေါ်ငါးများ အပြင် ပုစွန်အများဆုံးရရှိသည့် နေရာ လည်းဖြစ်သလို လွန်ခဲ့သော သုံးနှစ်ခန့် ကစပြီး ငါးသယံဇာတများမရရှိကြသည့် အခါ ငါးဖမ်းသမားမိသားစုများ စားဝတ် နေရေးအခက်တွေ့နေကြောင်း သိရ သည်။
နေမျိုးထွဋ် (ရေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရေးမြစ်ချောင်းအတွင်း၌ ဆေးခတ်ဖမ်းဆီးမှုများကြောင့် ငါးသယံဇာတရှားပါးမှု ကြုံတွေ့ နေရ
Reviewed by THITHTOOLWIN
on
09:19
Rating: