သုဝဏ္ဏဝတီမြို့ မတ် ၂၇ ။
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက် ရွှေလှေတန်းပိုင်းအနီး၌ မတ် ၂၇ ရက် နံနက် ၉ နာရီခွဲအချိန်က အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ရှေ့တွင် ကား ပေါ်မှ ပစ္စည်းများ ချနေစဉ် သွပ်ပြားလိပ်ပြုတ်ကျ ပိမိ၍ လူတစ်ဦး သေဆုံးသွားကြောင်း သိရသည် ။
ဖြစ်စဉ်မှာ ရန်ကုန်မြို့မှ အိမ်ဆောက်ပစ္စည်းများ တင်ဆောင်ထားသော မော်တော်ယာဉ်အမှတ် KYN . 1E/----- ကင်တာအမျိုးအစား အဖြူရောင် ခြောက်ဘီးယာဉ် ပေါ်မှ ပစ္စည်းများကို * ကိုအီဂျာ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် *မှ ဆိုင်ရှင်ဖြစ်သူ ဦးအီဂျာ (ခ) ဦးစိုးလိုင် သည် အလုပ်သမားနူစ်ဦးနှင့်အတူ ပစ္စည်းများကို ချိန်းဘလောက်နှင့် သိပ်ပြားလိမ့်တစ်လိမ့် ချအပြီး နောက်တစ်လိမ့် ချနေစဉ် အောက်သို့ ရောက်ခါနီးတွင် ကားဖင်ထောင်သွားပြီး အရိုန်နှင့်လိမ့်ကျသွားရာ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်မှဆိုင်ရှင်ဖြစ်သူ ဦးအီဂျာ (အသက် ၅၀) ကျိုက္ကော်ရပ်ကွက် က ပေ ၃၀ ခန့်အကွာရှိ ၎င်းပိုင်ဆိုင်သော ကားကို ထိခိုက်မည်စိုး၍ ခုန်ဆင်းပြီး ခြေချော်၍ လဲကျကာ ကား ပေါ်မှ အလေးချိန် ၄၅၂၀ ကီလို အလေးချိန်ရှိသော သွပ်ပြားလိပ် လိမ့်ကျ ပိမိ၍ ပြင်းထန်စွာ ဒဏ်ရာ ရရှိသေဆုံးသွားကြောင်း သိရသည် ။
အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ သိမ်ဆိပ်နယ်မြေရဲစခန်းမှ သေမူသေခင်းဖြင့် စုံစမ်းစစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည် ။
ခွန်(ဝင်းပ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သုဝဏ္ဏဝတီမြို့၌ ကုန်တင်ကုန်ချပြုလုပ်ရာမှ သွပ်ပြားလိမ့် ပြုတ်ကျ၍ လူတစ်ဦး သေဆုံး
Reviewed by THITHTOOLWIN
on
04:26
Rating:
