အိန္ဒိယ သမုဒ္ဒရာထဲရှိ Mauritius နိုင်ငံသမ္မတ ဂူရွတ်-ဖါကင်းက ငွေကြေး မသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး သူ့အပေါ် စွပ်စွဲမှုတွေ ပေါ်ထွက်နေပေမယ့် ရာထူးက မထွက်ပေးနိုင်ဘူးလို့ ပြောကြားလိုက်ပါတယ်။
သမ္မတ အိမ်တော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ သူ့ကို မဟုတ်မတရား စွပ်စွဲ နာမည်ဖျက်ထားတာတွေကို တရားရုံးမှာ ရှင်းမယ်။ သူ့မှာ အပြစ် မရှိလို့ မထွက်ပေးဘူးလို့  ဖေါ်ပြထားပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ ဝန်ကြီးချုပ် ဖြစ်သူက မစ် ဖါကင်း အနေနဲ့ သမ္မတရာထူးက နှုတ်ထွက်ပေးဖို့ သဘောတူထားတယ်လို့ ကြေညာခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
စွပ်စွဲချက်တွေ ရှိပေမယ့် မောရစ်သျှ သမ္မတ ရာထူးက မထွက်ဘူးလို့ ပြော
Reviewed by THITHTOOLWIN
on
07:36
Rating: