ပထွေးက ငိုနေသော ၁ နှစ်အရွယ်ကလေးငယ်အား လက်ဖြင့်ရိုက်လိုက်ရာ ကလေးငယ်သေဆုံး

ဓာတ်ပုံ-သရက်ချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး
သရက်ချောင်းမြို့နယ်တွင် ပထွေးဖြစ်သူက ဇနီးသည်မရှိချိန်တွင် ငိုနေသော ၁ နှစ်အရွယ်ကလေးငယ်၏ မျက်နှာကို လက်ဖြင့် ရိုက်လိုက်ရာမှ လက်လွန်ကာ ကလေးသေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာတနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ဆိတ်ချောင်းကျေးရွာနေ မနော်သန်းဦး၊ (၃၂)နှစ်သည် မတ်လ ၂၇ ရက်၊ ည ၇ နာရီခန့်က ငါးရှာသွားရာကနေ နေအိမ်သို့ ပြန်ရောက်စဉ် သားဖြစ်သူ မောင်----- (၁)နှစ်မှာ သတိမေ့နေသည်ကို တွေ့ရှိ၍ ခင်ပွန်းဖြစ်သူ စောအယ်ထီး၊ (၂၇)နှစ် (နောက်အိမ်ထောင်)အား မေးမြန်းခဲ့ကြောင်း သရက်ချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းသို့မေးမြန်းရာ နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့်က ၁ နှစ်အရွယ် မောင်---- သည် ငိုနေသောကြောင့် လက်ဖြင့်မျက်နှာအား ရိုက်လိုက်ရာမှ လက်လွန်သွားကြောင်း ပြောပြသိရှိရသဖြင့် မောင်----- အား ပဲဒက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့၍ ဆေးရုံမှ တာဝန်ကျဆရာဝန်က ကုသရန် စမ်းသပ်ရာ ကလေးမှာ သေဆုံးနေသည်ဟု မိခင်ဖြစ်သူအား ပြောပြခဲ့ကြောင်း သရက်ချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာ ၀န်ရှိသူတစ်ဦးက အကုန်သိ သတင်းဌာနသို့ ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မတ်လ ၂၈ ရက်တွင် ဇနီးဖြစ်သူ မနော်သန်းဦး၏ တိုင်တန်းချက်အရ ခင်ပွန်းဖြစ်သူ စောအယ်ထီး၊ (၂၇)နှစ်အား ဝင်းဝနယ်မြေရဲစခန်းက (ပ)၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

တနင်္သာရီတိုင်းမ် သတင်းမီဒီယာ
https://www.facebook.com/myeik.secret.news
ပထွေးက ငိုနေသော ၁ နှစ်အရွယ်ကလေးငယ်အား လက်ဖြင့်ရိုက်လိုက်ရာ ကလေးငယ်သေဆုံး ပထွေးက ငိုနေသော ၁ နှစ်အရွယ်ကလေးငယ်အား လက်ဖြင့်ရိုက်လိုက်ရာ ကလေးငယ်သေဆုံး Reviewed by THITHTOOLWIN on 11:05 Rating: 5
Powered by Blogger.