ဗင်နီဇွဲလားရဲစခန်းတစ်ခု၏ အချုပ်ခန်းများ မီးလောင်မှုကြောင့် လူ ၆၈ ဦးသေဆုံး


ကာရာကက်စ် မတ် ၂၉

ဗင်နီဇွဲလားနိုင်ငံ ကာရာဘိုဘိုပြည်နယ် ဗလန်စီယာမြို့ရှိ ရဲစခန်းတစ်ခုတွင် အဓိကရုဏ်းဖြစ်ပွားပြီး မီးလောင်မှုကြောင့် လူ ၆၈ ဦးသေဆုံးခဲ့ရကြောင်း အစိုးရအာဏာပိုင်များက ပြောကြားခဲ့ သည်။ ပြည်နယ်၏အစိုးရရှေ့နေချုပ်ဖြစ်သူTarek Saab က အဆိုပါ ဖြစ်ရပ်သည် မည်ကဲ့သို့ချက်ချင်း စတင်ဖြစ်ပွားခဲ့သည်ဆိုသည်ကို စုံစမ်းစစ်ဆေးနေလျက်ရှိသည်ဟု ပြောကြားခဲ့သည်။

 အဆိုပါ မီးလောင် မှုသည် အကျဉ်းသားတစ်ဦးမှ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးရန် အတွက် အိပ်ရာများကို မီးရှို့ရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ မီးလောင်မှုသတင်းကြောင့် ရဲစခန်းသို့လာရောက်ဝိုင်းရံ နေသည့် အကျဉ်းသားများ၏မိသားစုများကို ရဲတပ်ဖွဲ့မှ မျက်ရည်ယို ဗုံးခွဲကာ ရှင်းလင်းခဲ့ရသည်ဟု သိရသည်။

ပြည်နယ်အာဏာပိုင် Jesus Santander က မီးလောင်မှု၏နောက်ဆက် တွဲအနေဖြင့် ရဲအရာရှိတစ်ဦးသည် သေနတ်ဖြင့်ပစ်သတ်ခြင်းခံခဲ့ရ ကြောင်း အတည်ပြုပြောကြားခဲ့သည်။

အဆိုပါအဖြစ်အပျက်ဖြစ်ပွားပြီးနောက် ကာရာဘိုဘိုပြည်နယ်သည် ဝမ်းနည်းကြေကွဲခြင်းအထိမ်းအမှတ် ကျင်းပခဲ့သည်ဟု သိရသည်။ ဗင်နီဇွဲလားရှိအကျဉ်းထောင်များ၏ အဆင့်အတန်းသည် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးအကျဉ်းထောင်များထဲတွင်ပါဝင်ပြီး ယခုဖြစ်ရပ်သည် ကြီးစွာသော ပျက်စီးဆုံးရှုံးမှု အကျိုးဆက်များကို ဖြစ်ပွားစေခဲ့ကြောင်း သိရသည်။

အချုပ်ခန်းထဲရှိအကျဉ်းသားများ အားလုံးသေဆုံးခဲ့ပြီး အများစုသည် မီးခိုးများကြောင့် အသက်ရှူကျပ်ကာ သေဆုံးခဲ့ရခြင်းဖြစ်သည်။ သမ္မတနီကိုးလ်လပ်စ်မာဒူရိုက ပြည့်စုံလုံလောက်သည့် စုံစမ်းစစ်ဆေးမှု များ ချက်ချင်းပြုလုပ်ရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

နောင်နောင်
Ref: BBC News
The Union Daily
https://www.facebook.com/uniondaily.net
ဗင်နီဇွဲလားရဲစခန်းတစ်ခု၏ အချုပ်ခန်းများ မီးလောင်မှုကြောင့် လူ ၆၈ ဦးသေဆုံး ဗင်နီဇွဲလားရဲစခန်းတစ်ခု၏ အချုပ်ခန်းများ မီးလောင်မှုကြောင့် လူ ၆၈ ဦးသေဆုံး Reviewed by THITHTOOLWIN on 16:59 Rating: 5
Powered by Blogger.