ဝက်မှေးရွာသူနှစ်ဦးကို ဆားလင်းကြီးရဲစခန်းမှာ ဖမ်းထား


မုံရွာ မတ် ၂၉

မတ်လ ၂၉ ရက်နေ့  နေ့လည် ၁၂ နာရီခွဲအချိန်က ဝက်မှေးရွာဟောင်းရွာထိပ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးနှစ်ဦးကို ဆာလင်းကြီးမြို့မရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

သူတို့ နှစ်ဦးကို ပုဒ်မ ၃၃၃ တာဝန်ဝတ္တရား ဆောင်ရွက်နေတဲ့ ပြည်သူ့ဝန်ထမ်းကို နှောက်ယှက်မှု ၊ပုဒ်မ ၃၄၁ မတရားတားဆီးကန့်ကွက်မှုနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်တာဖြစ်တယ်လို့ ဆာလင်းကြီးမြို့နယ် မြို့မရဲစခန်းမှူးကဆိုပါတယ်။

''ပုဒ်မ ၃၃၃ ကတော့ အာမခံမရဘူး ၃၄၁ ကတော့ရတယ် အခုဖမ်းထားတဲ့ အမျိုးသမီး ၂ ဦးအပါဝင် ၁၀ ဦးကို စစ်ဆေးမှုတွေပြုလုပ်ပြီး အမှုနဲ့သက်ဆိုင်တဲ့သူတွေကို အရေးယူသွားမယ် ဒီအမှုကို တစ်လအတွင်း တရားရုံးတင်သွားမယ်လို့ "စခန်းမှူးက ပြောပါတယ်။

''ကျွန်မနဲ့အတူဖမ်းခံရတဲ့ မစန်းလှက ကျန်းမာရေး မကောင်းတဲ့အတွက် ဆေးကုသဖို့ လိုအပ်နေပါတယ် ကျွန်မတို့ ဖမ်းခံရတုန်းက လက်တွေခြေထောက်တွေလဲ ပွန်းပဲ့လို့ ခွေးဆွဲဝက်ဆွဲ ဆွဲပြီး အချုပ်ကားထဲ အတင်းဖမ်းခေါ်သွားတာ ပြီးတော့ ကျွန်မတို့က တရားခံမဟုတ်တဲ့အတွက် လက်ထိပ်အခတ်မခံနိုင်ဘူးလို့" သွဲ့သွဲ့ဝင်းက ပြောပါတယ်။


မတ်လ၂၉ရက်နေ့ မနက်ပိုင်းက လက်ပံတောင်းဒေသ ဝက်မှေးရွာဟောင်းမှ နေအိမ်၇လုံး ပြောင်းရွှေ့ရာက ရွာအတွင်းရဲကားနဲ့ ကုမ္ပဏီကားတွေ အဝင်မခံရာမှစတင်ခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံ မှု အပြီးမှာ ဝက်မှေးရွာခံတွေကို အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

လက်ပံတောင်းအရေး တက်ကြွစွာ လှုပ်ရှားခဲ့တဲ့ သွဲ့သွဲ့ဝင်းဟာ ဒုတိယအကြိမ်ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ယခင်အစိုးရလက်ထက်ကလည်း လက်ပံတောင်းအရေး အတွက် မုံရွာဆုတောင်းပြည့်ဘုရားမှ ဆုတောင်းပွဲပြု လုပ်ပြီး အပြန်မှာ သွဲ့သွဲ့ဝင်းကိုရဲက ဖမ်းဆီးခဲ့ပါတယ်။

ဘုန်းနိုင်ဖြိုး
Monywa Gazette
https://www.facebook.com/monywagazette
ဝက်မှေးရွာသူနှစ်ဦးကို ဆားလင်းကြီးရဲစခန်းမှာ ဖမ်းထား ဝက်မှေးရွာသူနှစ်ဦးကို ဆားလင်းကြီးရဲစခန်းမှာ ဖမ်းထား Reviewed by THITHTOOLWIN on 07:40 Rating: 5
Powered by Blogger.