ညအိပ်ရပ်နားထားသည့်ကား မီးလောင် ညအိပ်စောင့်သူနှစ်ဦး မီးလောင်သေဆုံး


ရန်ကုန် မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အလယ်ကျေးရွာအနော်ရထာလမ်း မကြီးရှိ YBS(၅၃) အပြာဂိတ်တွင် ညအိပ်ရပ်နားထားသောယာဉ်အမှတ် 1H----- မှာ မီးလောင်မှုဖြစ်ပွားပြီး အဆိုပါယာဉ်အား ညအိပ်စောင့်သူ နှစ်ဦးမီးလောင်သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ည ၁၁ နာရီ ၁၅ မိနစ်တွင် လှိုင်သာယာ မြို့နယ် အလယ်ကျေးရွာ အနော် ရထာလမ်းမကြီးရှိYBS(၅၃) အပြာဂိတ်တွင် ညအိပ်ရပ်နားထား သော ယာဉ်အမှတ် 1H-----မှာ မီးလောင်မှုဖြစ်ပွားသဖြင့် အခင်း ဖြစ်ရာသို့ ရွှေလင်ပန်းစက်မှုဇုန် မီးသတ်တပ်ဖွဲ့မှရောက်ရှိပြီးမီးငြှိမ်း သတ်ခဲ့ရာ ည၁၁နာရီ၂၅မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

 အဆိုပါ မီး လောင်မှုကြောင့်ယာဉ်၏နောက်ခန်း တွင်အိပ်ပျော်နေသောယာဉ်မောင်း ဇော်ချစ်(၂၂နှစ်) စံပယ်လမ်း(၁၅) ရပ်ကွက် လှိုင်သာယာနေသူနှင့် အဖော်အဖြစ်လိုက်ပါအိပ်သူဝေလင်း အောင် (၁၃နှစ်)အမှတ်(၃၃၃/က) စံပယ်လမ်း(၁၅)ရပ်ကွက်လှိုင်သာယာ (လိပ်စာတူ) နေထိုင်သူတို့နှစ်ဦးမှာ မီးလောင်ကျွမ်းသေဆုံးသွားသဖြင့် သေဆုံးအလောင်းများအား အင်းစိန် ဆေးရုံသို့ပို့အပ်ရာ အင်းစိန်ဆေးရုံမှ ဇော်ချစ်အား PR-23 ဖြင့်လည်း ကောင်း၊ဝေလင်းအောင်အားPR-24 ဖြင့် လည်းကောင်း လက်ခံထားရှိပြီး မီးလောင်ရသည့် အကြောင်းအရင်း ကိုလှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မြတ်စိုးနှင့် မီးသတ် တပ်ဖွဲ့တို့မှ စစ်ဆေးရာ ဇော်ချစ်နှင့် ဝေလင်းအောင်တို့နှစ်ဦးသည်ယာဉ်၏ ရှေ့ခန်းတွင် ခြင်ဆေးခွေထွန်း၍ အိပ်ပျော်သွားကြစဉ် ခြင်ဆေးခွေ မီးမှ အနီးရှိထိုင်ခုံဆိုဖာကူရှင်ပေါ် သို့ကျကာ မီးကူးစက်လောင် ကျွမ်းခြင်းဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသည်။

 ယာဉ်ပိုင်ရှင်မှာ ဒေါ်မီးမီး (ခ)ဥမ္မာလွင်(၃၈နှစ်) အမှတ်(၆၁၃-က) ဗိုလ်အောင် ကျော်လမ်း အမှတ်(၁၃)ရပ်ကွက် လှိုင်သာယာနေသူဖြစ်ပြီး မီး လောင်ဆုံးရှုံးမှုမှာ ငွေကျပ်ငါးသိန်း ခန့်ဖြစ်ပြီး အဆိုပါမီးလောင်မှုအား မီးအားပေါ့ဆစွာ အသုံးပြုသူ ယာဉ်မောင်း ဇော်ချစ်အား လှိုင် သာယာမြို့မရဲစခန်း တာဝန်မှူး ဒုရဲအုပ် အေးထွန်းကျော်က တရားလိုပြုလုပ်၍ အမှုဖွင့်တိုင် တန်းရာ လှိုင်သာယာမြို့မရဲစခန်းမှ (ပ)၁၁၈၁/၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅/ ၃ဝ၄(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

စွန်ရဲ(လှိုင်သာယာ)
The Union Daily
https://www.facebook.com/uniondaily.net
ညအိပ်ရပ်နားထားသည့်ကား မီးလောင် ညအိပ်စောင့်သူနှစ်ဦး မီးလောင်သေဆုံး ညအိပ်ရပ်နားထားသည့်ကား မီးလောင် ညအိပ်စောင့်သူနှစ်ဦး မီးလောင်သေဆုံး Reviewed by THITHTOOLWIN on 17:44 Rating: 5
Powered by Blogger.