နိရဉ္စရာ၊ မတ် ၂၇
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဂုပ္ပီထောင့်ကျေးရွာမှ ခုနှစ်တန်းနှင့် သုံးတန်းစာမေးပွဲ ဖြေဆိုထားသည့် ညီအစ်နှစ်ဦး မတ်လ ၂၇ ရက်နေ့  မွန်းလွဲချိန်က ကုလားတန်မြစ်တွင် ရေနစ် သေဆုံးသွားကြောင်း သတင်း ရရှိသည်။
“ ဖြစ်တာက ဒီနေ့ မွန်းလွဲ ၂ နာရီခန့်မှာပါ။ မနွယ်ဦး၊ မအတိုချေနဲ့ မစန္ဒာလင်း သုံးဦးတို့က အိမ်အနီးက မြစ်ကမ်းဘေးမှာ အိုးခွက် ပုဂံတွေကို ဆေးကြောကြတယ်လို့ သိရပါတယ်။ ဆပ်ပြာခဲက ရေထဲကျသွားတော့ မအတိုချေက ဆင်းဆယ်တယ်။ ဆင်းဆယ်တော့ ရေနစ်တယ်။ အစ်မ ဖြစ်သူ မနွယ်ဦးက ဆင်းကယ်တော့ အစ်မပါ နစ်တယ်။ နှစ်ယောက်စလုံး ခုလို ရေနစ်ပြီး အသက် ဆုံးပါးသွားခဲ့ကြရပါတယ်” ဟု အပေါက်ဝရဲစခန်းမှူးက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။
သေဆုံးသူ မနွယ်ဦးမှာ (၁၃) နှစ်ဖြစ်ပြီး ခုနှစ်တန်းစာမေးပွဲ ဖြေဆိုထားက မအတိုချေမှာ (၁၀) နှစ်ဖြစ်ပြီး သုံးတန်း စာမေးပွဲ ဖြေဆိုထားကြောင်း သိရသည်။
“ သေဆုံးခဲ့ကြတဲ့ မိန်းခလေးနှစ်ဦးက ညီအစ်မတွေပါ။ ဂုပ္ပီထောင့်ကျေးရွာက ဦးမောင်လှချေ သမီးတွေလို့ သိရပါတယ်။ အဖေါ်ပါလာတဲ့ မစန္ဒာလင်းက ဆွေမျိုးလို့ သိရပါတယ်။ သူကတော့ ဘာမှ မဖြစ်ပါဘူး”ဟု စခန်းမှူးက ဆက်လက် ပြောဆိုသည်။
အလောင်းများကို ညနေ ၅ နာရီခန့်မှ ရှာဖွေတွေ့ရှိခဲ့ပြီး ယခုအခါ အပေါက်ဝ ဆေးရုံသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း စခန်းမှူးက ပြောကြားသည်။
Narinjara
https://www.facebook.com/Narinjara
ကျောက်တော် ဂုပ္ပီထောင့်ရွာမှ ခုနှစ်တန်းနှင့် သုံးတန်းစာမေးပွဲဖြေဆိုထားသည့် ညီအစ်မနှစ်ဦးရေနစ်သေဆုံး
Reviewed by THITHTOOLWIN
on
04:27
Rating:
