![]() |
တပ်ရင်းတွေ ပြန်ရုပ်ဖို့ ဒေါ်စုကို စာတင် |
ထွက်ပြေး သွားတဲ့ ရွာသားတွေ ရွာတွေ ပြန်နိုင်ဖို့ တပ်မတော် တပ်ရင်းတွေကို ပြန်ရုပ်သိမ်းဖို့နဲ့ ကားလမ်း ဖောက်လုပ်မှုကို ရပ်ဆိုင်းပေးဖို့ ဌာနေကရင် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဒေါ်အောင်ဆန်းစုကြည်ကို အသနားခံစာ တင်ကြပါတယ်။
တိုက်ပွဲကြောင့် ထွက်ပြေး နေရတဲ့ ကျေးရွာသား နှစ်ထောင်ကျော် ရဲ့ ကိုယ်စား နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဆီကို ကရင် ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်ကနေ အသနားခံစာ တင်ခဲ့ ပါတယ်။
![]() |
ကေအန်ယူ ဖာပွန်ခရိုင် တပ်မဟာ ၅ ရဲ့ နယ်မြေဖြစ် |
အခုလက်ရှိ တပ်မတော်က လမ်းဖောက်နေတဲ့ ခေးပူ လယ်မူပလော အစရှိတဲ့ဒေသခံ ရွာ ၁၁ ရွာက ရွာသားတွေက တပ်တွေ အလုံးအရင်းနဲ့ ဒေသထဲ ဝင်လာတာကြောင့် ကြောက်ရွံ့ပြီး ထွက်ပြေး နေရပါတယ်။
အဲဒီဒေသမှာ အရင်က တပ်မတော် စစ်ကြောင်းတွေ သွားနေကျ ခြေကျင် လမ်းကြောင်းကို အခုအခါ ကားလမ်းကြောင်း အထိ ဖြစ်ဖို့အတွက် ဒီနှစ်ပိုင်းမှာ စတင် ဖောက်လုပ်ခဲ့ တာဖြစ်ပြီးဖောက်တဲ့လမ်းဟာ ရွာသား တွေရဲ့ လယ်ယာတွေ နားမှာ ဖြစ်တာကြောင့် ရွာသားတွေက တပ်က ပစ်ခတ် ဖမ်းဆီးတာတွေ လုပ်မှာ ကြောက်နေကြတယ်လို့ စောအဲလက်စ်ထူးက ဆိုပါတယ်။
ဒီဒေသဟာ ကေအန်ယူ ဖာပွန်ခရိုင် တပ်မဟာ ၅ ရဲ့ နယ်မြေ ဖြစ်ပြီး အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့ဖြစ်တာကြောင့် JMC ဗဟိုအဆင့်ကို ဖာပွန်ခရိုင်မှာ တပ်တွေ အလုံးအရင်းချထားမှုကို ပြန်ဆုတ်ပေးဖို့နဲ့ တပ်နဲ့ တွေ့ဆုံ ညှိနှိုင်းဖို့ စာတင်ထားပါတယ်။
ဒီလို အသနားခံစာ တင်ထားပေမယ့် နိုင်ငံတော် အတိုင်ပင်ခံဘက်က တုံ့ပြန်မှု တစုံတရာ မရရှိသေးကြောင်းနဲ့ တကယ်လို့ တောင်းဆိုထားတာတွေ မရဘူးဆိုရင်တော့ လူသားချင်း ဆိုင်ရာ စာနာမှုဆိုင်ရာ တုံ့ပြန် ဆောင်ရွက်မှု အကူအညီပေးမှုတွေကို စဉ်းစား ရတော့မယ်လို့ အသနားခံစာ ပို့တဲ့ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ တွေက ပြောပါတယ် ။
BBC Burmese
http://www.bbc.com/burmese
တပ်ရင်းတွေ ပြန်ရုပ်ဖို့ ဒေါ်စုကို စာတင်
Reviewed by THITHTOOLWIN
on
21:15
Rating:
