ထိုင်းရွှေဆိုင် ဓါးမြတိုက်ခဲ့သည့် စုံတွဲ ဖမ်းမိသွားပြီ


မတ်လ ၁၂ရက်နေ့ က အူထိုင်ဌာနီ နောင်ချန်ခရိုင်အတွင်းက ရွှေဆိုင်ကို ဓါးပြတိုက်ပြီး ရွှေဆွဲကြိုး ၁၈၈ ဘတ်သား လူယူသွားခဲ့တဲ့ တရားခံစုံတွဲ တည်းခိုနေတဲ့နေရာကို ဒီကနေ့ နံနက်ပိုင်းက ရဲတပ်ဖွဲ့ တွေ ၀င်ရောက် စီးနင်းခဲ့ကြောင်း သိရပါတယ်။

တရားခံ ကာတာ နိုင်ငံသား မိုဟာမက်နဲ့  ဇနီး ထိုင်းနိုင်ငံသူ တို့ နှစ်ဦးနေ ထိုင်နေတဲ့ ပတ်တယားမြို့ နယ်အတွင်းက နှစ်ထပ်တိုက်ခန်းတွဲမှာ ပုန်းအောင်းနေကြတာ ဖြစ်ပါတယ်။


ဓါးမြတိုက်သွားတဲ့ အူထိုင်ဌာနီက ရွှေစစ်စစ် ရောင်းဝယ်ရေးဆိုင်ဟာ ပြည်နယ်ဝန်ကြီးချုပ်ရဲ့  ညီဖြစ်သူပိုင်တဲ့ရွှေဆိုင်ဖြစ်ပါတယ်။ အခင်းဖြစ်ပွားစဉ်က တရားခံနှစ်ဦး ဟာ ရွှေဆိုင်ပိုင်ရှင်ကို ရိုက်နှက်ပြီး ရွှေတွေလုယူခဲ့ပြီး နံပါတ်တတ်မထားတဲ့ တိုယိုတာ ကားနဲ့  ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် သူတို့ ပြေးသွားတဲ့ လမ်းတလျှောက်က CCTV တွေရဲ့  မှတ်တမ်းကိုတော့ လွတ်အောင်မပြေးနိုင်ခဲ့ပါဘူး။


တရားခံနှစ်ဦးနဲ့ အတူ အိမ်ခန်းအတွင်းမှာ သူတို့ ရဲ့ ခလေးပါရှိနေတာတွေ့ ရပါတယ်။
တရားခံတွေနဲ့ အတူ လုယူသွားတဲ့ ရွှေဆွဲကြိုး ၅၅ ကုန်းကို လည်း ရှာဖွေတွေ့ ရှိခဲ့ကြောင်း သိရပါတယ်။

Social Action for Children and Women - SAW
ထိုင်းရွှေဆိုင် ဓါးမြတိုက်ခဲ့သည့် စုံတွဲ ဖမ်းမိသွားပြီ ထိုင်းရွှေဆိုင် ဓါးမြတိုက်ခဲ့သည့် စုံတွဲ ဖမ်းမိသွားပြီ Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.