အင်ဒိုနီးရှားနိုင်ငံ လွှတ်တော် ဥက္ကဌဟောင်း ဆက်ယာ- နိုဗန်တို ကို အာဏာရှိစဉ်က အမေရိကန်ဒေါ်လာ ၇ သန်းကျော်ဖိုး အဂတိလိုက်စားခဲ့မှုနဲ့ ဂျကာတာမြို့တော် တရားရုံးတစ်ရုံးက ထောင်ဒဏ် ၁၆ နှစ် အပြစ်ပေးလိုက်ပါတယ်။
သူ့အနေနဲ့ မသမာတဲ့နည်းလမ်းနဲ့ ရယူခဲ့တဲ့ လာဘ်ငွေ ဒေါ်လာ ၇.၄ သန်းကို ပြန်လျော်ဖို့လည်း တရားသူကြီးက အမိန့်ချမှတ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ အီလက်ထရွန်းနစ် အမျိုးသား မှတ်ပုံတင်လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၄၄၀ ဖိုး စီမံချက်ချမှတ်တုန်းက ငွေအလွဲသုံးစားမှုမှာ နိုဗန်တို ဟာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တယ်ဆိုပြီး နိုင်ငံတော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
အဲဒီအမှုနဲ့ ပတ်သက်ပြီး အစိုးရ အရာရှိကြီးတွေ နိုင်ငံရေးသမားတွေ တော်တော်များများလည်း အဖမ်းခံရပြီး ထောင်ဒဏ်တွေ စီရင်ခံခဲ့ကြရပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
အဂတိလိုက်စားခဲ့မှုနဲ့ လွှတ်တော် ဥက္ကဌဟောင်း ထောင်ဒဏ် ၁၆ နှစ် စီရင်ခံရ
Reviewed by THITHTOOLWIN
on
12:29
Rating:
