ဆိုမာလီယာ အစိုးရတပ်က အယ်လ်ရှာဘတ်လက်နက်ကိုင်များအား တိုက်ခိုက်စဉ် (ဆင်ဟွာ) |
ဆိုမာလီယာစစ်တပ်က Kismaayo အနီးတွင် စစ်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ရာ အယ်လ်ရှာဘတ်လက်နက်ကိုင် ၇ ဦးကို ပစ်သတ်နိုင်ခဲ့ကြောင်း ဆိုမာလီယာစစ်ဘက်က မတ်လ ၁၄ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အယ်လ်ရှာဘတ် အစွန်းရောက်လက်နက်ကိုင်များ Kismaayo မြောက်ဘက်သို့ ၀င်ရောက်တိုက်ခိုက်မည်ဟု သတင်းရရှိပြီးနောက် ယခုလို လျှိုဝှက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ တိုက်ခိုက်မှုတွင် အယ်လ်ရှာဘတ် လက်နက်ကိုင် ၇ ဦး သေနတ်မှန်သေဆုံးခဲ့ပြီး စစ်တပ်ဘက်မှ ၁ ဦး ဒဏ်ရာရရှိခဲကြောင်း Kismaayo အခြေစိုက် ဆိုမာလီယာ အစိုးရတပ်၏ တပ်မှူးက မီဒီယာများကို ဆိုသည်။
Kismaayo မှာ ယခင်က အယ်လ်ရှာဘတ် လက်နက်ကိုင်များထိန်းချုပ်ထားသော နေရာဖြစ်ပြီး ၄င်းကို၂၀၁၂ ခုနှစ်တွင် ဆိုမာလီယာအခြေစိုက် အာဖရိကသမဂ္ဂအထူးစေလွှတ်အဖွဲ့ နှင့် ဆိုမာလီယာအစိုးရစစ်တပ်၊ ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ပူးပေါင်းတိုက်ထုတ်ခဲ့ခြင်းဖြစ်သည်။ ဆိုမာလီယာ အယ်လ်ရှာဘတ်နှင့် အယ်လ်ကိုင်ဒါးတို့မှာ ပူးပေါင်းဆက်နွယ်နေသည့် အစွန်းရောက်အဖွဲ့အစည်းများဖြစ်ပြီး ယခုနှစ်များတွင် ဆိုမာလီယာနှင့်အိမ်နီးချင်းနိုင်ငံများကို အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။
(Xinhua)
http://xinhuamyanmar.com
အယ်လ်ရှာဘတ် လက်နက်ကိုင် (၇)ဦး ဆိုမာလီယာအစိုးရတပ်၏ပစ်သတ်ခြင်းခံရ
Reviewed by THITHTOOLWIN
on
19:07
Rating: