ဖျာပုံမြို့ မှာ မီးလောင်မှုဖြစ်ပွား

 ငါးပေါင်း ဖားကူးချွန်းသင်္ဘောပေါ်ရှိ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းရာ ဒီဇယ်ပေပါ(၄) လုံး ပေါက်ကွဲ၍ ကျေးရွာရှိနေအိမ်များသို့ ကူးစက်လောင်ကျွမ်း
နေပြည်တော်၊ မတ် ၂၇

၂၀၁၈ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာ "အောင်ချမ်းသာ" ရေစင်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော "အောင်ချမ်းသာ" အမည်ရှိ ငါးပေါင်း ဖားကူးချွန်းသင်္ဘောပေါ်ရှိ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းရာ ဒီဇယ်ပေပါ(၄) လုံး ပေါက်ကွဲ၍ ကျေးရွာရှိနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ထားပါသည်။

အဆိုပါ မီးလောင်မှုကြောင့် ငါးပေါင်းဖားကူးချွန်းသင်္ဘော(၁)စီး၊ ရေစင်အလုပ်ရုံ(၁)ရုံ၊ အလုပ်သမား နေအိမ်တန်းလျား(၅)လုံးနှင့် နေအိမ်(၃၀)လုံး စုစုပေါင်းတန်ဖိုးငွေ ကျပ်(၃၇,၈၈၇,၅၀၀)မီးလောင်ဆုံးရှုံးခဲ့သဖြင့် ငါးပေါင်းဖားကူးသင်္ဘောပေါ်မှ အလုပ်သမား ခါးပြတ် ရွှေထီးကျေးရွာနေ ဝင်းမြင့်(၃၉)နှစ်ပါ(၅)ဦးအား ဒေါ်ညိမ်းနယ်မြေရဲစခန်း(ပ)၄၅/၂၀၁၈၊ ရာဇသတ် ကြီးပုဒ်မ ၂၈၅ ဖြင့် အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
ဖျာပုံမြို့ မှာ မီးလောင်မှုဖြစ်ပွား ဖျာပုံမြို့ မှာ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:58 Rating: 5
Powered by Blogger.