ကျောက်တော်မြို့နယ်၌ စက်လှေ ၂ စီး တိုက်မိ (၁)ဦး သေဆုံး


ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တူးမြောင်းကျေးရွာ ရွာလယ်ဇရပ်အနီး တူးမြောင်းချောင်းအတွင်း၌ စက်လှေ (၂)စီး တိုက်မိမှုကြောင့် စက်လှေမောင်းသူ (၁)ဦး သေဆုံးသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်ပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ၁၅၃၀ အချိန် ကျောက်တော်မြို့နယ်၊ တူးမြောင်းကျေးရွာ ရွာလယ်ဇရပ်အနီး တူးမြောင်းချောင်းအတွင်း၌ ကျောက်တော်မှ မြောက်ဦးသို့ အောင်သိန်းမောင် (၄၀) နှစ်မောင်းနှင်ပြီး ဦးကျော်သာ လိုက်ပါလာသည့် ဟွန်ဒါစက်တပ်လှေငယ်နှင့် ဦးလှလှအောင်(၃၀)နှစ် မောင်းနှင်ပြီး ခရီးသည် ၅ ဦး လိုက်ပါလာသည့် ဟွန်ဒါစက်တပ်လှေငယ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ ရာ အဆိုပါစက်လှေ ၂ စီး ဝင်တိုက်မှုကြောင့် အောင်သိန်းမောင်မှာ ရေထဲသို့ ပြုတ်ကျသွားပြီး စက်လှေ ပန်ကာဖြင့် ရိုက်မိကာ ဝဲချိုစောင်းပေါက်ပြဲဒဏ်ရာရရှိ၍ အခင်းဖြစ်နေရာ တွင် သေဆုံးသွားသဖြင့် အပေါက်ဝ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကျန်ခရီးသည်များမှာ ဒဏ်ရာ ရရှိမှုမရှိခဲ့ကြောင်းနှင့် ဦးလှလှအောင်မှာ ထွက်ပြေးသွားခဲ့ပါသည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ ၁၈၅၀ အချိန်တွင် ဦးလှလှအောင် (ဖမ်းမမိ)အား အပေါက်ဝနယ်မြေ ရဲစခန်း (ပ)၁၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၈၀ (ပေါ့လျော့မှု ကြောင့် လူသေမှု/ ရေယာဉ်အား အရမ်းဦးစီးသွားလာစေမှု)ဖြင့် အမှုဖွင့်စုံစမ်း လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
ကျောက်တော်မြို့နယ်၌ စက်လှေ ၂ စီး တိုက်မိ (၁)ဦး သေဆုံး ကျောက်တော်မြို့နယ်၌ စက်လှေ ၂ စီး တိုက်မိ (၁)ဦး သေဆုံး Reviewed by THITHTOOLWIN on 13:14 Rating: 5
Powered by Blogger.