အာဖဂန်သမ္မတ ကမ်းလှမ်းချက် တာလီဘန် လက်ခံဖို့ အီးယူ နဲ့ တရုတ်ပြော


တရားဝင်နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုမယ်လို့ အာဖဂန်သမ္မတ Asharf Ghani က ကမ်းလှမ်းတာကို တာလီဘန်က အရ-အမိဆုပ်ကိုင်လိမ့်မယ်လို့ တရုတ်နိုင်ငံနဲ့ အီးယူ-ဥရောပသမဂ္ဂက ယုံကြည်ကြတဲ့အကြောင်း အာဖဂန်နစ္စတန်ဆိုင်ရာ အီးယူ အထူးကိုယ်စားလှယ်က မနေ့က ပြောကြားလိုက်ပါတယ်။

အဲဒီကမ်းလှမ်းချက်ဟာ ပဋိပက္ခအသွင်ဆောင်တဲ့ အဖွဲ့အားလုံးက အရအမိယူသင့်တဲ့ အခွင့်အလမ်းတရပ်ဖြစ်ပြီး ထွက်ပေါက်သဘောဆောင်တယ်လို့လည်း အီးယူဆိုင်ရာ တရုတ်သံအမတ်နဲ့ ပေကျင်းမှာ တွေ့ပြီးတဲ့နောက် အီးယူသံအမတ် Roland Kobia ကပြောပါတယ်။

ရွေးကောက်ပွဲသစ်မှာ စစ်သွေးကြွတွေ ပါဝင်နိုင်ရေးအပါအဝင် အပစ်ရပ်ရေး၊ ရွေးချယ်ဖို့ တင်ပြထားတဲ့ အမျိုးမျိုးထဲမှာ အကျဉ်းသားလွှတ်ပေးရေး၊ မနှစ်ကတနှစ်တည်း အာဖဂန်အရပ်သား တသောင်းသေဆုံးခဲ့ရတဲ့ ပဋိပက္ခအဆုံးသတ်စေဖို့ တာလီဘန်နဲ့ သဘောတူညီချက်ပြန်သုံးသပ်ရေး တို့ကို အာဖဂန်နစ္စတန်သမ္မတက အဆိုပြုထားပါတယ်။

တာလီဘန်ကတော့ ဒီကမ်းလှမ်းချက်ကို တရားဝင် အကြောင်းမပြန်ကြားသေးပါဘူး။ ဒါပေမဲ့ ဆွေးနွေးဖို့ စိတ်ဝင်စားတဲ့ အရိပ်လက္ခဏာတွေကို အမေရိကန်က တွေ့မြင်ရတယ်လို့ ကဘူးမြို့ကို မကြေညာဘဲ ရောက်သွားချိန်အတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis က အင်္ဂါနေ့မှာပြောကြားခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အာဖဂန်သမ္မတ ကမ်းလှမ်းချက် တာလီဘန် လက်ခံဖို့ အီးယူ နဲ့ တရုတ်ပြော အာဖဂန်သမ္မတ ကမ်းလှမ်းချက် တာလီဘန် လက်ခံဖို့ အီးယူ နဲ့ တရုတ်ပြော Reviewed by THITHTOOLWIN on 11:07 Rating: 5
Powered by Blogger.