တောမီးမှတစ်ဆင့် ဘိုးဘွားရိပ်သာသို့ ကူးစက်လောင်ကျွမ်းသဖြင့် သုံးဦးသေ၊ တစ်ဦးဒဏ်ရာရ


နေပြည်တော်၊ မတ် ၂၇

၂၀၁၈ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ဆွာမြောက်ပိုင်းရပ် အုန်းခြံကျေးရွာရှိ "ထာဝရ" ဘိုးဘွားရိပ်သာအနီး၌ တောမီးလောင်ကျွမ်းရာမှ အဘိုးများနေထိုင်ရာအဆောင်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ သုံးဦးသေ၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် အလျား(၃၀)ပေ၊ အနံ(၂၀)ပေ၊ အမြင့် (၁၅)ပေရှိ သက္ကယ်မိုး၊ ထရံကာ တဲ(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့် "ထာဝရ" ဘိုးဘွားရိပ်သာ အဘိုးဆောင်နေ ဦးပန်းမောင်(၉၀)နှစ်ပါကျား(၃)ဦးတို့တွင် မီးလောင်ဒဏ်ရာများရရှိ သေဆုံးသွားကာ ဦးခင်မောင်ဝင်း(၆၇)နှစ်တွင် မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ် နှင့်ပတ်သက်၍ ဆွာနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၃/၂၀၁၈)ဖြင့် ရေးဖွင့်စစ်ဆေးလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
တောမီးမှတစ်ဆင့် ဘိုးဘွားရိပ်သာသို့ ကူးစက်လောင်ကျွမ်းသဖြင့် သုံးဦးသေ၊ တစ်ဦးဒဏ်ရာရ တောမီးမှတစ်ဆင့် ဘိုးဘွားရိပ်သာသို့ ကူးစက်လောင်ကျွမ်းသဖြင့် သုံးဦးသေ၊ တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 18:59 Rating: 5
Powered by Blogger.