တောမီးလောင်စေမှုနဲ့ မြန်မာနှစ်ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး


ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင် ခရိုင်မှာ ဒီကနေ့ ညနေပိုင်းက သစ်တောမီးရှို့မှုနဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

မီးသတ်သမားတွေ၊ ထိုင်းစစ်သားတွေ ရောက်ရှိလာချိန်မှာ တောထဲကို ပြေးဝင်သွားတဲ့ မြန်မာနှစ်ဦးကို လိုက်လံဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။
သူတို့နှစ်ဦးဟာ အဲဒီတောအုပ်အနီးအနားက ကျေးရွာမှာ နေထိုင်ကြသူတွေဖြစ်ပြီး၊ ပျားတူအုံတစ်ခုကို မီးရှို့ရာက လေပင့်တိုက်တဲ့အတွက် တောမီးလောင်ခဲ့ရတာဖြစ်ကြောင်း ဝန်ခံပြောဆိုတယ်လို့ The Nation သတင်းစာက ဖော်ပြပါတယ်။

တောမီးကြောင့် သစ်တော ၈ ဧကလောက်ဆုံးရှုံးခဲ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ သူတို့နှစ်ဦးကို သစ်တောဥပဒေချိုးဖောက်မှု၊ တားမြစ်နယ်မြေဝင်ရောက်မှုတွေနဲ့ ခွန်ယန်း (Khun Yuam) ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အဲဒီဒေသမှာ တောမီးကြောင့် လေထုညစ်ညမ်းမှု ဆိုးဆိုးဝါးဝါးမဖြစ်ရအောင် ထိန်းသိမ်းတဲ့အနေနဲ့ မတ်လ ၂၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ သစ်တောတွေထဲကို ရွာသားတွေ မဝင်ရောက်ရအမိန့်ကို ခရိုင် ၉ ခုနဲ့ ထိုင်းစစ်တပ်တို့က ပူးတွဲထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
တောမီးလောင်စေမှုနဲ့ မြန်မာနှစ်ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး တောမီးလောင်စေမှုနဲ့ မြန်မာနှစ်ဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး Reviewed by THITHTOOLWIN on 04:30 Rating: 5
Powered by Blogger.