![]() |
တောမီးကူးစက်လို့ အဘိုးတွေနေတဲ့အဆောင်နဲ့ ချက်ပြုတ်ဆောင်တခုပါ မီးလောင် ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ |
အဘိုးအို ၁၃ ယောက် နေထိုင်တဲ့ သက်ကယ်မိုး ထရံကာအဆောင် မီးလောင်ကျွမ်းခဲ့လို့ လေဖြတ် ဝေဒနာ ခံစားနေရတဲ့အဘိုး ၃ ယောက် မီးသင့် သေဆုံးခဲ့ရတယ်လို့ YGW ပရဟိတ ဘိုးဘွား ရိပ်သာကို ဦးဆောင်တည်ထောင်သူတွေက ပြောပါတယ်။
ဘိုးဘွားရိပ်သာဟာ ပဲခူးရိုးမတောင်ခြေမှာရှိတဲ့အပြင် အင်းတော ကိုင်းတောတွေနဲ့ လည်း နီးပြီး မီးလောင်ကျွမ်းချိန်မှာ လေတိုက်နှုန်းလည်း မြင့်နေလို့ လူသေဆုံးရတဲ့ အထိ ဖြစ်ရတယ်လို့ သူတို့က ပြောပါတယ်။
တောမီးကူးစက်လို့ အဘိုးတွေနေတဲ့အဆောင်နဲ့ ချက်ပြုတ်ဆောင်တခုပါ မီးလောင် ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
![]() |
မီးလောင်ကျွမ်းချိန်မှာ လေတိုက်နှုန်းလည်း မြင့်နေလို့ လူသေဆုံးရတဲ့ အထိ ဖြစ်ရတယ် |
ဘိုးဘွားရိပ်သာဟာ အနီးအနားကရွာတွေနဲ့ ၇ ဖာလုံလောက် ကွာဝေးပြီး ရွာတွေနဲ့ ရိပ်သာကြားမှာ လယ်ကွင်းတွေပဲရှိတာကြောင့် မီးသတ်ကားတွေ အချိန်မီ လာရောက်ဖို့ ခက်ခဲတယ်လို့လည်း ဆိုပါတယ်။
မီးလောင်ကျွမ်းမှုအပေါ် မီးသတ်ကား ၃ စီးနဲ့ သွားရောက်ငြိမ်းသတ်ခဲ့တဲ့ ရေတာရှည် မြို့နယ် မီးသတ်ဌာနရဲ့ ဒုဦးစီးမှုးဦးမင်းနိုင်ကတော့ သူတို့ ရောက်သွားတဲ့အချိန်မှာ အဘိုး ၃ ဦးဟာ သေဆုံးသွားပြီလို့ ပြောပါတယ်။
မီးလောင်ကျွမ်းမှုအပေါ် ဆွာမြို့ရဲစခန်းက ရဲလုပ်ထုံးလုပ်နည်းအတိုင်း သေမှု သေခင်း ဖွင့်စစ်ဆေးနေပြီး၊ လက်ရှိမှာလည်း ပဲခူးတိုင်း ဝန်ကြီးနဲ့ သက်ဆိုင်ရာ ဌာနတွေက လာရောက်ကြည့်ရှု ကူညီပေးနေတယ်လို့ သူတို့တွေက ဆိုပါတယ်။
![]() |
အဲဒီဒေသဟာ တောမီးလောင်ကျွမ်းမှု ဖြစ်လေ့ရှိပေမယ့် ရွာတွေကို ကူးစက် လောင်ကျွမ်းတဲ့အထိ မရှိဘဲ အခုဖြစ်ရပ်က ပထမဆုံး ဖြစ်ပါတယ်။ |
နောင်ကို အခုလို တောမီး ကူးစက် လောင်ကျွမ်းမှုမရှိအောင် မီးဘေး ကာကွယ် သွားမယ်လို့ ဘိုးဘွားရိပ်သာဦးဆောင်တည်ထောင်ရာမှာ ပါဝင်တဲ့ ဆရာတော် ဦးပညာစက္ကက ပြောပါတယ်။
ဒီဘိုးဘွားရိပ်သာမှာ ခိုကိုးရာမဲ့အဘိုး ၁၃ ယောက်နဲ့ အဘွား ၁၈ ယောက် စုစုပေါင်း ၃၁ ယောက်ကို စောင့်ရှောက်ပေးနေတာမို့ အသက်ရှင် ကျန်တဲ့ အဘိုး ၁၀ ယောက် နေထိုင်ဖို့အတွက် အဆောင်ပြန်ဆောက်ပေးဖို့ အကူအညီတွေ လိုနေတယ်လို့ ဆရာတော်ဦးပညာစက္ကက ပြောပါတယ်။
YGW ပရဟိတ ဘိုးဘွားရိပ်သာကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဘိုးဘွားရိပ်သာ မီးလောင်လို့ အဘိုး ၃ ဦး သေဆုံး
Reviewed by THITHTOOLWIN
on
08:52
Rating:
