အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံခြားရေးဝန်ကြီးနေရာကို လက်ရှိတာဝန်ယူနေတဲ့ Rax Tillerson အစား CIA ညွှန်ကြားရေးမှူး Mike Pompeo နဲ့ အစားထိုးမယ်လို့ သမ္မတ ထရမ့် မနေ့ကပြောလိုက်တဲ့အတွက် ပျော့ပြောင်းတဲ့မူဝါဒရေးရာသမားအစား တင်းမာတဲ့မူဝါဒဆုပ်ကိုင်သူပြောင်းလိုက်မှာကြောင့် မတည်ငြိမ်မှာကိုစိုးရိမ်ပြီး၊ ဒီနေ့ အာရှမှာ စတော့ဈေးနှုန်းတွေ ကျဆင်းသွားခဲ့ပါတယ်။
မိုက်ခ်ပွန်ပီယိုဟာ တရုတ်နဲ့ကုန်သွယ်ရေးမူဝါဒ၊ အီရန်နဲ့ဆက်ဆံရေးတို့မှာ တင်းမာတဲ့မူဝါဒသမားဖြစ်တယ်လို့ဆိုပါတယ်။
ဒါကြောင့် တရုတ်နဲ့ကုန်သွယ်ရေးမှာ ထရမ့်ရဲ့စဉ်းစားချက်တွေကြောင့် မတည်မငြိမ်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ တရုတ်ဟာ ဉာဏဆိုင်ရာ မူပိုင်ခွင့်ချိုးဖောက်နေတာ၊ နည်းပညာခိုးယူနေတာတွေရှိတယ်လို့ စွပ်စွဲခံနေရပြီး ဒီလုပ်ရပ်အတွက်နှိပ်ကွပ်မယ်လို့ သမ္မတ ထရမ့် ကစဉ်းစားနေပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အပြောင်းအလဲသတင်းကြောင့် အာရှစတော့ကျဆင်း
Reviewed by THITHTOOLWIN
on
07:36
Rating: