ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း လာဟိုးမြို့က ရဲစစ်ဆေးရေးဂိတ်စခန်းတခုမှာ တနင်္လာနေ့က ဗုံးပေါက်ကွဲလို့ လူ ၇-ယောက်သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရသွားပါတယ်။
လူ ရှစ်သောင်းနီးနီးတက်ရောက်တဲ့ နှစ်စဉ်ကျင်းပနေကျ ဘာသာရေးပွဲတော်အခမ်းအနား အပြင်ဘက်နားမှာတင် အစောင့်တွေ တာဝန်လဲနေတုန်း ဗုံးပေါက်ကွဲသွားတာလို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ရဲတွေကို ပစ်မှတ်ထားဖောက်ခွဲတာလို့လည်း သူကပြောပါတယ်။ ဘယ်သူ့လက်ချက်ဆိုတာ ဘယ်သူမှ မကြေညာသေးပါဘူး။
RFA Burmese
https://www.facebook.com/rfaburmese/
ပါကစ္စတန် ရဲဂိတ် ဗုံးပေါက်ကွဲလို့ လူ ၇-ယောက်သေဆုံး
Reviewed by THITHTOOLWIN
on
11:07
Rating: