![]() |
( Teknaf News တွင် ဖော်ပြထားသည့် ပူးတွဲ ကင်းလှည့်နေသည့် ဓာတ်ပုံများ) |
မြန်မာနှင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များသည် နှစ်ဖက်တပ်ဖွဲ့များ၏ ညှိနိုင်း သဘောတူညီချက်အရ ကုန်းတွင်း နယ်စပ်နယ်နမိတ် တစ်လျှောက်နှင့်ရေ နယ်နမိတ် တစ်လျှောက်တို့တွင် ပူးတွဲလှည့်ကင်းများ ဆောင်ရွက်လျက် ရှိနေကြောင်း သတင်း ရရှိသည်။
မတ်လ ၂၇ ရက်နေ့တွင် နတ်မြစ်အတွင်း နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များသည် ရေယာဉ်များဖြင့် နံနက် ၉ နာရီခွဲမှ စတင်ပြီး ပူးတွဲကင်းလှည့်လျက်ရှိကြောင်း Teknaf News တွင် သတင်း ဖော်ပြထားသည်။
မြန်မာဘက်မှ အမှတ်(၄) နယ်မြေ ခေါင်းတုံးမှ တပ်ဖွဲ့များနှင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ BGB အမှတ်(၂) တက်ကနက် တပ်ရင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
နတ်မြစ်အတွင်း ပူးတွဲကင်းလှည့်မှုကို မတ်လ ၅ ရက်နေ့က တစ်ကြိမ်၊ မတ် ၁၄ ရက်နေ့က တစ်ကြိမ်၊ မတ်လ ၂၀ ရက်နေ့က တစ်ကြိမ် ပြုလုပ်ခဲ့ပြီဟု သတင်းတွင် ဖော်ပြသည်။
ကုန်းတွင်းနယ်နမိတ် တစ်လျှောက်တွင်လည်း မြန်မာ (BGP) နှင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ (BGB) တို့သည် အကြိမ် ၂၀ ထိ ပူးတွဲ ကင်းလှည့်ခဲ့ကြောင်း မြန်မာ အစိုးရ ထုတ်ပြန်ချက် သတင်းတွင် ဖော်ပြသည်။
၂၀၁၈ ဖေဖော်ဝါရီ ၄ ရက်မှ ၂၆ ရက်နေ့ထိ နယ်ခြားမှတ်တိုင် ၄၂ မှ ၅၅ ထိ ၁၄ကြိမ်။ မတ် ၁၁ ရက်နေ့တွင် နယ်ခြားမှတ်တိုင် ၃၁ မှ ၃၄ ထိ တစ်ကြိမ်၊ မတ် ၁၅ ရက်နေ့တွင် နယ်ခြားမှတ်တိုင် ၃၄ မှ ၃၆ ထိ တစ်ကြိမ်၊ မတ် ၁၈ ရက်တွင် နယ်ခြားမှတ်တိုင် ၃၆ မှ ၃၈ ထိ တစ်ကြိမ်၊ မတ် ၂၀ ရက်နေ့တွင် နယ်ခြားမှတ်တိုင် ၃၈ မှ ၃၉ ထိ တစ်ကြိမ်၊ မတ် ၂၂ ရက်နေ့တွင်နယ်ခြားမှတ်တိုင် ၃၉ မှ ၄၀ ထိ တစ်ကြိမ်၊ မတ် ၂၅ ရက်နေ့တွင် နယ်ခြားမှတ်တိုင် ၄၀ မှ ၄၁ ထိ တစ်ကြိမ် စုစုပေါင်း အကြိမ် ၂၀ ကင်းလှည့်ခဲ့သည်ဟု သိရသည်။
၎င်းကုန်းမြေနယ်နမိတ်အတွင်း ကင်းလှည့်ခြင်းကို နှစ်နိုင်ငံ နယ်ခြားစောင့်တပ်များ၏ သဘောတူညီချက် Coordinated Patrol ဖြင့် ပြုလုပ်နေခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
Narinjara
https://www.facebook.com/Narinjara
မြန်မာနှင့် ဘင်္ဂလာဒေ့ရှ် ကုန်းနှင့်ရေ ပူးတွဲလှည့်ကင်းများဆောင်ရွက်
Reviewed by THITHTOOLWIN
on
04:02
Rating:
