တာလေမြို့ နားအွန်ကျေးရွာတွင် ပျဉ်ကာသွပ်မိုး နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွား


တာလေ မတ် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ နားအွန်ကျေးရွာ၌ ယနေ့ မတ်လ ၂၇ ရက်၊ နံနက် ၂ နာရီခန့်က ပျဉ်ကာပျဉ်ခင်း သွပ်မိုးနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။


 ဖြစ်စဉ်မှာ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ နားအွန်ကျေးရွာနေ ယုတ (ဘ)ဦးကျရှီးမော ဆိုသူ က ၄င်း၏ ပျဉ်ကာ၊ ပျဉ်ခင်း၊ သွပ်မိုး နေအိမ်အား မီးရှို့ထွက်ပြေးခြင်းဖြစ်ရာ မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ တာလေမြို့မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရဇော် နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တာလေ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ က သွားရောက်မီးငြှိမ်းသတ်ရာ ၂ နာရီ ၄၅ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသတ် နိုင်ခဲ့ပြီး အခြားသို့ မီးကူးစက်လောင်ကျွမ်းမှုမရှိကြောင်း သိရသည်။

 အဆိုပါ နေအိမ်အား မီးရှို့ထွက်ပြေးနေသူ ယုတ (ဘ)ဦးကျရှီးမော အား အမြန်ဆုံးဖမ်းဆီးရမိ အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယံလင်း(ပြန်/ဆက်)
တာလေမြို့ နားအွန်ကျေးရွာတွင် ပျဉ်ကာသွပ်မိုး နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွား တာလေမြို့ နားအွန်ကျေးရွာတွင် ပျဉ်ကာသွပ်မိုး နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 13:20 Rating: 5
Powered by Blogger.